33

3.3K 136 0
                                    

Unicode
*********

ဦးထွဋ်ရှိန် တစ်ညလုံး အစည်းဝေးလုပ်ပြီး သားငယ်ရဲ့ ဂုဏ်ပြုပွဲကိုတောင် မတက်နိုင်ဘဲ အလုပ်များနေခဲ့တာကြောင့် သားငယ်ကို အားနာစိတ်ဖြင့် အလုပ်ပြီးတာနှင့် မိုးတောင်မလင်းခင် အိမ်သို့ တန်းပြန်လာခဲ့လိုက်တော့သည်။

အိမ်ပြန်ရောက်တော့ မိုးမလင်းသေးတာကြောင့် ဦးထွဋ်ရှိန် တိတ်‌တိတ်လေး ဝင်လာကာ ကလေးတွေ အိပ်ရေးမပျက်ရလေအောင် အသာလေး ခြေဖော့ဝင်ခဲ့လိုက်သည်။ အရင်ဆုံး အဝတ်စား သွားလဲကာ သမီးကြီး အခန်းကို ကြည့်လိုက်တော့ မီးပိတ်ထားတာကြောင့် ဘာမှမပြောဘဲ သားငယ်အခန်းဖက် ဆက်လျောက်ခဲ့လိုက်သည်။ တံခါးအောက်ခြေမှ မီးရောင်ညမှိန်ဝါးဝါးကြောင့် သားငယ် နိုးနေမှန်း သိလိုက်ပြီး ‌ခုထိ မအိပ်ရကောငိးလားဟု ဆူရန် အခန်းတံခါးခေါက်ရန်ပြင်လိုက်သည်။

"အိပ်‌တော့နော်၊ ဒါအိမ်မက်ဆိုးလေးပါပဲ၊ နိုးထလာတဲ့နဲ့ အားလုံး ပျောက်ကွယ်သွားတဲ့ အရာတွေ ၊စိတ်ထဲ မထားနဲ့ "

ခပ်တိုးတိုးအသံကြောင့် ဦးထွဋ်ရှိန် လက်တွေက တန့်သွားပြီး ကြောင်သွားမိသည်။

"သားငယ်အခန်းထဲ ဘယ်သူရောက်နေတာလဲ၊ ဘာလို့ ဒီချိန်ကြီးမှ......"

လူကြောက်တတ်ပြီး အတန်းဖော်တွေကလွဲ ဘယ်သူနဲ့မှ စကားအပြောဆိုမရှိ ၊ အပေါင်းသင်းမရှိတဲ့ သားငယ်အခန်းထဲက ဘာကြောင့်များ တစ်ပါးသော ယောကျာ်းလေးတစ်ယောက်ရဲ့ အသံထွက်လာရတာလဲ...၊ပြီးတော့ အသံက....

ဦးထွဋ်ရှိန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ‌အိမ်ရှေ့နံရံက သော့အပိုကို အပြေးလှမ်းယူလိုက်ပြီး သားငယ်အခန်းကို ဖွင့်ချလိုက်သည်။

ရာဇ် ခေါင်းရင်းမှာမှီကာ သွေးရဲ့ ခါးကိုကိုင်ပြီး သူ့ရင်ဘတ်ပေါ် တစ်ကိုယ်လုံး ဆွဲတင်လိုက်ရင်း သွေးရဲ့ နဖူးကို အသာနမ်းလိုက်ကာ

"မပူနဲ့တော့နော်၊ ကိုယ် ဘယ်တော့မှ သွေးကို ထားမခဲ့တော့ဘူးလို့ ကတိပေးပါတယ်.."

ထားမခဲ့တော့ဘူးဆိုတဲ့ စကားကြောင့် သွေးမျက်မှောင်ကြုံ့သွားကာ မေးရန်ပြင်လိုက်ပေမယ့် အခန်းဝက ကလစ်ဟူသောအသံနှင့်အတူ သော့ချောင်းပြုတ်ကျသံက ကြွေပြားထက်မှာ တစ်ရစ်ဝဲဝဲ။

I Need You ( Completed)Donde viven las historias. Descúbrelo ahora