6

5.8K 291 1
                                    

Unicode
********

ရာဇ်ကိုယ်တိုင်လည်း ထိုcomment ကို တွေ့ပြီး ထိုကလေးမျက်နှာကို စေ့စေ့ကြည့်လိုက်မိသည်။ မွေးကာစကလေးတွေက ရုပ်ချင်း ဆင်နေရင်တောင် ထိုကလေးကတော့ တစ်ကယ်ကိုပင် သူနှင့် မျက်လုံးမျက်ခုံးတွေ ဆင်တူလှပေသည်။

သူ့ရင်ထဲ ထိတ်သွားပြီး ထိုကလေးဟာ တစ်ကယ်ပဲ သူနှင့် သစ်ခက်ဆွေးရဲ့ ကလေးလား သိချင်သွားမိသည်။

"ဆွေး ...ဆွေးတကယ်ပဲ ‌ရာဇ်ရဲ့ ကလေးကို မွေးပေးခဲ့တာလား၊ ဒါပေမယ့် ဘယ်အချိန်တုန်းကလဲ..."

အကယ်ဒမီပေးပွဲ မတိုင်မှီတော့ သူနှင့် သစ်ခက်ဆွေး တစ်ညတာကို အတူဖြတ်သန်းခဲ့ဖူးပြီးပြီ။ ထိုကတည်းက ‌သစ်ခက်ဆွေးမှာ ကိုယ်ဝန်ရှိခဲ့လေသလား၊ သို့ပေမယ့် သူ့ကလေး စစ်မှန်ခဲ့ရင် သူသေချာပေါက် တာဝန်ယူပြီး တင့်တောင့်တင့်တယ် လက်ထပ်ယူခဲ့မှာပင်။ ဘာကြောင့်များ သစ်ခက်ဆွေးက သူ့ကို ရှောင်ပြေးခဲ့ပါသနည်း...။

၂လတာ ကုန်လွန်ခဲ့ပြီးနောက် ကျောက်စက်သွေး သတိပြန်လည်လာခဲ့သော်လည်း အားလုံး မျှော်လင့်ထားသလိုပင် သူ့ရဲ့ မှတ်ဉာဏ်တွေကို ဆုံးရှုံးခဲ့ရပေသည်။ သစ်ခက်ဆွေးနှင့် အဖေလည်း တိုင်ပင်ထားသည့်အတိုင်း accident အသေးစားလေးကြောင့် အတိတ်မေ့သွားတာ ဖြစ်ကြောင်း ညာပြီး မောင်ဖြစ်သူကို နိုင်ငံခြားသို့ လွှတ်လိုက်လေတော့သည်။

သမီးလေးကိုလည်း တူမအဖြစ်သာ အသိပေးခဲ့ပြီး အရာအားလုံးဟာ ပိတ်ကားထက်က ပုံရိပ်တွေလို ပုံရိပ်ကားချလို့ ထားလိုက်လေတော့သည်။သမီးလေး ၂နှစ်အရွယ် နာနီနှင့် ထားခဲ့လို့ အဆင်ပြေသည့် အချိန်မှစ၍ သစ်ခက်ဆွေးက သရုပ်ဆောင် လောကထဲ ပြန်ဝင်ခဲ့ပြီး အနုပညာ လှုပ်ရှားမှုတွေ ပြန်လုပ်လာတော့သည်။

"ဆွေး.."

"ရာဇ် မဟုတ်ဘူးလို့ ဘယ်နှခါပြောရမှာလဲ"
"ကိုယ်မဟုတ်ရင် ဒီကလေး အဖေက ဘယ်သူလဲ..၊ ကလေးက ကြီးလေလေ ကိုယ်နဲ့ တူလာလေလေပဲကို ဆွေး ဘယ်သူ့ကို ညာချင်နေတာလဲ၊ ဘေးကလူတွေ ကြည့်ရင်တောင် ဒီကလေးက ရာဇ်ရဲ့ ကလေးမှန်းသိတယ်"
"မဟုတ်ဘူးလို့ ပြောနေတယ်လေ၊ လက်လွတ် လူတွေ ကြည့်နေပြီ"

I Need You ( Completed)Where stories live. Discover now