3

7K 327 1
                                    

Unicode
********
ကျောက်စက်သွေး မူးဝေစွာ နိုးထလာတော့ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲလို့နေသည်။ ခန္ဓာကိုယ်မှာလဲ အဝတ်မပါ။ သူ့လည်ဂုတ်ကလည်း နာကျင်ကာ အမှတ်သားပြုခံလိုက်ရပြီဖြစ်ကြောင်း သူသိသွားသည်။ကျောက်စက်သွေး ထိတ်လန့်မှုကြောင့် ကုတင်ပေါ်က ကုန်းရုန်းထပြီး သူ့ဘေးကလူကို အထိတ်တလန့် ကြည့်လိုက်သည်။
ထိုလူက ဥပဓိရုပ်ကောင်းမွန်စွာ နှာတံဖြောင့်စင်းလျက် ထူထဲသော မျက်ခုံးများက မျက်တောင်စိတ်စိတ်များအပေါ်မှာ နေရာယူကာ မေးရိုးထင်းထင်းက မျက်နှာကျကို ပိုပြီး လှပအောင် အနားသတ်ထားသည်။

‌ ကျောက်စက်သွေး လန့်ပြီး ထိုလူမနိုးခင် သူ့အဝတ်စားများကို အပြေးလွှားဝတ်ပြီး ဟိုတယ်ခန်းထဲကနေ အမြန်ပြန်ထွက်ခဲ့သည်။

"မမ.....မမဘယ်မှာလဲ...။သားကိုကယ်ပါ။ သားမသိတဲ့ alpha တစ်ယောက်ဆီကနေ အမှတ်သားပေးခံလိုက်ရပြီ။ သားကိုကယ်ပါ....."

စိတ်ထဲက တတွတ်တွတ်ရွတ်ရင်း ပြေးထွက်လာကာ ဓာတ်လှေကားထဲ အမြန်ပြေးဝင်ပြီး ထွက်ပြေးလာမိသည်။

တစ်ဖက်၌လည်း သစ်ခက်ဆွေး အိမ်ပြန်ရောက်တော့ ပါးပါးက သားငယ် ဘယ်မှာလဲလို့ မေးခါမှ မောင်ငယ်ကို မေ့ကျန်ခဲ့ကြောင်း သတိရကာ ပြန်သွားရှာချင်ပေမယ့် သတင်းထောက်တွေက အိမ်ရှေ့မှာ ဝိုင်းနေတာကြောင့် အပြင်ပြန်မထွက်နိုင်။ ဟိုတယ်မန်နေဂျာဆီ ဖုန်းဆက်ပြီး သူမမောင်လေးကို လာပို့ခိုင်းတော့လည်း အခန်းထဲမရှိ၊ ရှာမတွေ့ဟု ဖြေသည်။ ပါပါးရော သစ်ခက်ဆွေးပါ ခေါင်းမီးတောက်မတတ် စိတ်ပူနေပြီ။ သစ်ခက်ဆွေးလည်း သူမရဲ့ အမှားကြောင့် မောင်လေးဖြစ်သူ ‌ကျန်ခဲ့တာကြောင့် တငိုငိုတရီရီဖြစ်ပြီး ရာဇ်ကို ဖုန်းခေါ်ကာ ဟိုတယ်တစ်ခုလုံးကို ရှာခိုင်းရန် ပြင်သော်လည်း ရာဇ်က ဖုန်းမကိုင်။

"သမီးကြီးနော် ...ပါးပါးတစ်ရက်လေးမအားလို့ သားငယ်ကို သွားမကြိုဖြစ်တာနဲ့ ပြဿနာကဖြစ်ပြီ။သားငယ်က လူကြောက်တတ်ပါတယ်ဆို အခုလို သူ့ကိုမေ့ခဲ့တာ လူစိမ်းတွေကြားထဲ ဘယ်လောက်တောင် ကြောက်နေလိုက်မလဲ၊ သူ့ heat က ဒီရက်ပိုင်းထဲ ဝင်မယ့်လက္ခဏာပြနေပြီ။ မတော်ညက heat ထဝင်လို့ မဟုတ်တရုတ်ကောင်တွေက သားငယ်ကို အမှတ်သားပေးသွားရင် ဘယ်လိုလုပ်မလဲ၊ သားငယ် ဘယ်လောက်တောင် ကြောက်နေလိုက်မလဲ၊ ပါပါးအစထဲက သမီးအဲ့လို သရုပ်ဆောင်လုပ်တာကို သဘောမကျဘူးပြောထားတယ်နော်၊ အဖေမရှိတော့တဲ့ ဖတဆိုးလေးဆိုပြီး သမီးနဲ့သား ပျော်ပါစေဆိုတဲ့စိတ်နဲ့ ခွင့်ပြုခဲ့တာ၊ သားငယ် တစ်ခုခုဖြစ်ခဲ့ရင် သမီးကို ထပ်ပြီး သရုပ်ဆောင်လုပ်ဖို့ ပါပါးခွင့်မပြုတော့ဘူး.."

I Need You ( Completed)Tempat cerita menjadi hidup. Temukan sekarang