10

5.2K 240 1
                                    

Unicode
********

ကျောက်စက်သွေးတို့ ၃နာရီလောက် မောင်းလာပြီးတဲ့နောက်မှာတော့ ရာဇ်လို့ မာန်ဝင့်ထည်စွာ ရေးထိုးထားတဲ့ အဆောက်ဦးကြီးနား ကားလေးက ရပ်တန့်သွားတော့သည် ။

ကျောက်စက်သွေး ကျောပြင်တစ်ခုလုံး ကြက်သီးမွှေးညင်းများ ထောင်ထလာပြီး မရေမရာ ပုံရိပ်တွေကလည်း သူ့ခေါင်းထဲ တိုးဝင်လာလေသည်။
လူက မိုက်ခနဲ ဖြစ်သွားပြီး ယိုင်လဲကျသွားပြီး လဲကျပြီဟု ထင်လိုက်သော်လည်း သန်မာတဲ့ လက်မောင်းတစ်စုံက သူခါးကို လာရစ်ပတ်ပြီး ဆွဲပွေ့ခံလိုက်ရသည်။

"အဆင်ပြေရဲ့လား"
"ဟုတ် ဟုတ်...ကျွန်တော် နည်းနည်း မူးသွားလို့"
"ဂရုစိုက်၊ ခဏနေ ဝန်ထမ်းတွေကို သံပုရာရည် လာပို့ခိုင်းလိုက်မယ်"
"ဟုတ်ကဲ့ ကျေးဇူးပါ ကိုရာဇ်"

ရာဇ် ဟိုတယ်အပေါ်ဆုံးထပ်မှာ ကျောက်စက်သွေးကို နေရာချပေးလိုက်ပြီး သေချာတာကတော့ အဲ့အထပ်က ရာဇ်ရဲ့ သီးသန့်နေရာဖြစ်ကာ သူတို့၂ယောက်ကလွဲပြီး ဘယ်သူမှ မရှိ။

ဟိုတယ်အခြေနေကို လိုက်လေ့လာကြည့်ကာ ဆွဲချင်တဲ့ ဒီဇိုင်းနှင့် အနေထားတွေ ဆွေးနွေးရင်းပင် အချိန်နာရီတွေက ရွေ့လျားကာ တစ်လဟူသော အချိန်တွေကို ကုန်ဆုံးခဲ့လေပြီ။

ရာဇ်နှင့် ကျောက်စက်သွေးလည်း အတော်အသင့် ရင်းနှီးနေကာ နှစ်ဦးကြားက အခြေနေက အီစီကလီ အဆင့်သို့။

"သွေး .."
"ဗျာ"
"အဲ့ဒါ ထားခဲ့လိုက်တော့ ၊ကျန်တဲ့အလုပ်သမားတွေ အဆုံးသတ်လိမ့်မယ်၊ ညစာ သွားစားရအောင်"

"ဟုတ် ခဏ ကိုရာဇ် ၊ ဒီနားလေး လက်စသတ်ပြီးရင် လာခဲ့မယ်"

‌ကျောက်စက်သွေး သူ့လက်ထဲက ဆေးပုံးနှင့် ဆေးသုတ်တံကို ချထားလိုက်ပြီး နှာချေချင်လာတာကြောင့် သူ့လက်ဖဝါးနှင့် ကာပြီး ချေချလိုက်သည်။

"ဟဟ ကလေးကျနေတာပဲ"
"ဗျာ"

ရာဇ် ထိုကောင်လေး နှာထိပ်ပေါ်က ဆေးကို လက်ကိုင်ပုဝါနှင့် အသာဖိသုတ်ပေးလိုက်သည် ။

"ကျေးဇူး ကိုရာဇ်"

"ရပါတယ်၊ လာ သွားရအောင်"

I Need You ( Completed)Where stories live. Discover now