16

4.8K 243 17
                                    

Unicode
********
"သမီးတောင်းပန်ပါတယ် ပါး၊ အိမ်ထောင်တစ်ခုရယ် ဖြစ်လာရင် ဒီကိစ္စက ရှောင်လွှဲလို့ ရတဲ့ ကိစ္စမှ မဟုတ်တာ"

"ဒါဖြင့် မင်းမောင်လေးကို သေစေချင်နေတာလား!"

မောင်လေး ပထမဆုံးအကြိမ်ပျောက်သွားသည့်အချိန်မှ လွဲ၍ တစ်ခါမှ လေသံမာမာဖြင့် မပြောဖူးသော ပါပါးက ပထမဆုံးအကြိမ် သူမအပေါ် သမီးဟူသော နာမ်စားတောင် မဟုတ်ဘဲ မင်းလို့ သုံးနှုန်းလာတာကြောင့် သစ်ရွက်ဆွေး ထိတ်လန့်သွားပြီး မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာတော့သည်။

"ပါး..."
"မခေါ်နဲ့၊ မောင်နှမ ၂ယောက်လုံးကို ဖတဆိုးလေးတွေ မင်းတို့အဖေမရှိဘဲ ကြီးပျင်းလာရတဲ့ မေတ္တာငတ်နေတဲ့ ကလေးတွေဆိုပြီး အရာရာ အလိုလိုက်ခဲ့တာ အခုလို မင်းမောင်လေးရဲ့ အသက်ကိုတောင် ဂရုမစိုက်တော့တဲ့ လူဆိုးဖြစ်လာဖို့ မဟုတ်ဘူး သစ်ရွက်ဆွေး...၊ ပါပါး သတိပေးလိုက်မယ် သားငယ်သာ တစ်ခုခုဖြစ်ခဲ့ရင် ပါပါး ဒီကိစ္စကို တစ်နိုင်ငံလုံး လူသိရှင်ကြားသိအောင် ကြေငြာပြီး ပါပါးထောင်ထဲ ဝင်ပစ်မယ်၊ သမီးကို ရတနာ တစ်ပါးလို ‌ပျိုးထောင်ပေးခဲ့တာ သစ်ခက်ဆွေး...၊ ရတာ နာဖို့ ပျိုးထောင်ပေးခဲ့တာ မဟုတ်ဘူး၊ သမီးကို မွေးလာရတာ ရင်နာဖို့ ကောင်းတယ်လို့ ပါပါးကို မဖြစ်စေချင်နဲ့ .."

ပါပါးရဲ့ ရင့်ရင့်သီးသီး ဆူသံတွေက ‌သစ်ခက်ဆွေးကို ရှိုက်ကြီးတငင် ငိုကြွေးမိစေသည်။

"ဘာလို့လဲ ပါး..၊သမီးကရော ပါးကိုယ်တိုင် မွေးခဲ့တာ မဟုတ်လို့လား၊ ဘာလို့ မောင်လေးကိုပဲ ဦးစားပေးပြီး သမီးက အနစ်နာခံပေးရမှာလဲ၊ပြီးတော့ ရာဇ်က သမီးချစ်သူလေ ..သမီးက ဘာလို့ အနစ်နာခံပေးရမှာလဲလို့၊ သမီးရဲ့ အနုပညာလမ်းကြောင်းကိုတောင် အနစ်နာခံပြီး ဖွေးကို သမီးအရင်းပါလို့ ကြေငြာခဲ့ပြီးပြီ၊ လင်ကောင်မပေါ်ဘဲ မွေးတယ်ဆိုတဲ့ စကားတွေကို ကြံ့ကြံ့ခံပြီး မောင်လေးအစား သမီးရင်ဆိုင်ပေးခဲ့တာ မလုံလောက်သေးလို့လား...ပါး..၊ ဘာလို့ သမီးကိုပဲ အပြစ်တင်နေရတာလဲ၊ တင်မယ့်တင် သမီးရီးစားကို လုသွားတဲ့ မောင်လေးကို အပြစ်တင်ရမှာ မဟုတ်လား"

I Need You ( Completed)Where stories live. Discover now