15

5K 264 20
                                    

Unicode
********

သိပ်မကြာမှီပင် လိုင်းပေါ်သို့ ရုပ်ရှင်မင်းသမီး သစ်ခက်ဆွေးရဲ့ social media acc ကနေ ဓာတ်ပုံလေးတစ်ပုံ တင်ပြီး သူမပရိတ်သတ်တွေကို အသိပေးလို့လာသည်။

"Happy Family... Together again "

ဆိုသည့် စာသားနှင့် သူမနှင့် သမီးရဲ့ လက်တွေပေါ် အုပ်ကိုင်ထားသော ယောင်္ကျားသားတစ်ဦး၏ လက်ဖမိုးပုံတစ်ပုံ။

"Comment 1_"ဘာ .... together again ဆိုတော့ အဲ့ဒါက ပန်းမြတ်ဖွေးရဲ့ အဖေလား၊ နောက်လူအသစ်လား"
Comment _2" ဟဲ့ again ဆိုမှတော့ ကလေးအဖေအစစ်ပေါ့ဟယ်၊ ဒါနဲ့ ဘယ်သူကြီးလဲ သိချင်လှပြီအေ၊ ဒို့အနာဂတ် ယောက္ခထီးကြီးကို.."
Comment 3_" အပေါ်က ကောင်မတွေ ရာဇ်ဟိုတယ်ရဲ့ CEO acc မှာ သွားရှိုးကြည့်ကြစမ်းပါဦး"

ထိုcomment ကြောင့် RIZH ဆိုသည့် နာမည်က search bar မှာ popular now ဖြစ်သွားပြီး ထိုလူရဲ့ pin postမှာတော့ ကလေးတစ်ဦးရဲ့ ခြေဖဝါးကို အသာနမ်းရှိုက်နေတဲ့ နောက်ကျောပုံကို တင်လို့ထားပြီး

"သမီးလေးနဲ့ ချစ်စနီးနဲ့အတူ.."

ဆိုသည့် စာသားက ထင်းလျက်။

Comment 1_ " အားးးးးး သေပါပြီ သေပါပြီ နောက်ဆုံးတော့ ငါပြောတာ မှန်ပြီ တွေ့လား တွေကြလား၊ သစ်ခက်ဆွေးရဲ့ သမီးက ရာဇ်နဲ့ တစ်ပုံစံထဲလို့ ငါမပြောခဲ့ဘူးလား...အားး အားးအားး"
Comment 2_" မနာလိုလိုက်တာဟယ် အချစ်တွေ အချစ်တွေ လေထုထဲ ဝဲပျံနေတာ မခံနိုင်တော့ဘူး မခံနိုင်တော့ဘူး.."

ထို post 2ခုက တစ်ရှိန်ထိုး လူရှာများလာပြီး တစ်နေကုန် ပွက်လောရိုက်လို့နေသည်။

ကျောက်စက်သွေး သူ့လက်ထဲက စုတ်တံလေးကို ထိုင်ခုံပေါ်ချပြီး ထိုဓာတ်ပုံတွေကို ကြည့်ကာ ဖုန်းပြန်ပိတ်လိုက်သည်။

"မမနဲ့ ခင်ဗျားတို့ ပျော်နေတယ်မလား"

နောက်တော့ စုတ်တံကို ပြန်ကိုင်လိုက်ပြီး ကင်းဗက်စပေါ်မှာ ဆေးစက်တွေနှင့် အရောင်ခြယ်လိုက်တော့သည်။ အချိန်တွေ တရွေ့ရွေ့ကုန်လာသည်နှင့်အမျှ ကင်းဗက်စပေါ်မှာ ဆေးတွေ ပိုပိုများလာပြီး ရုပ်လုံးလည်း တဖြည်းဖြည်း ထွက်လာတော့သည်။

I Need You ( Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ