21

5.5K 261 33
                                    

Unicode
********

"သစ်ခက်ဆွေး လန့်သွားပြီး ကြမ်းပြင်ပေါ်ကို အရုပ်ကြိုးပျက် ပြုတ်ကျသွားတော့သည်။ သွားပြီ..အခုတော့ ရာဇ်သာမက မောင်လေးကပါ အဖြစ်မှန်ကို သိလို့သွားပြီ။

သစ်ခက်ဆွေး ကြောက်ကြောက်လန့်လန့်ဖြင့် ရာဇ်လက်ကို ဆွဲကိုင်လိုက်ကာ
"ရာဇ် ဆွေးတောင်းပန်ပါတယ်..လိမ်ခဲ့ဖို့ မရည်ရွယ်ပါဘူး။ ဆွေးကို မထားခဲ့ပါနဲ့၊ ရာဇ်အပေါ်ထားတဲ့ အချစ်တွေကတော့ အစစ်မှန်ပါ.."

ရာဇ် ထိုလက်ကို ခါထုတ်ပစ်ဖို့ရာ အားမရှိ။ သူ သစ်ခက်ဆွေးအပေါ် ချစ်စိတ်တွေ သိပ်မကျန်တော့ပေမယ့် သူတရားဝင် လက်ထပ်ထားတဲ့ မိန်းမလေ...။

"ဒါဆို ကျွန်တော်ပြောစရာမလိုတော့ဘူးပဲ ၊အဖြစ်မှန်လည်း အားလုံးသိပြီဆိုတော့ ကျွန်တော် ဖွေးကို ခေါ်သွားမယ် မမ"

"ဟင့်အင်း မရဘူး.."

ရာဇ်ထံမှ ငြင်းဆန်သံက ဦးစွာ ထွက်လို့လာသည်။

"ဖွေးက ကျွန်တော့်သမီး"
"အင်း ငါ့သမီးလည်း ဟုတ်တယ်"

ရာဇ်စကားကြောင့် ကျောက်စက်သွေးပါးတွေ ရဲခနဲဖြစ်သွားပြီး ဆက်ပြောရမယ့် စကားတွေ မေ့ပျောက်လို့သွားသည် ။

သစ်ခက်ဆွေး သူမကို မေ့ထားပြီး သမီးကို လုနေသည့်လူနှစ်ဦးကြား သူမဟာ သူစိမ်းပမာ။ လုပ်ယူစဂရာမလိုအောင်ကိုပင် ထို၂ယောက် အတူရှိနေသည်နှင့် ဘေးလူတိုးဝင်စရာ နေရာမရှိ။

"တစ်နိုင်ငံလုံး သိတာက ဖွေးက အမနဲ့ ရာဇ်နဲ့ သမီး၊ ဒါကြောင့် မောင်လေးကို အမမပေးနိုင်ဘူး"
"မမ!! ဖွေးက ကျွန်တော့်ဝမ်းနဲ့ လွယ်ပြီး မွေးခဲ့တဲ့ ကလေးနော်"
"အေး ‌ငါ့အတွက်လည်း ဖွေးက ချီးဝတ်သေးဝတ်ကအစ မရွံမရှာ လျော်ဖွတ်ပျိုးထောင်ပေးခဲ့တဲ့ ငါ့သမီး"

ရာဇ် စိတ်ရှုပ်စွာ ကျွတ်သတ်လိုက်ပြီး

"ဖခင်ဖြစ်တဲ့ ငါ့မှာ သမီးကို ပိုင်ဆိုင်ခွင့် အပြည့်ရှိတယ် ဒါကြောင့် သမီးကို ငါခေါ်သွားမှာ"

ပြောပြီး သမီးကို ပွေ့ရက်သား ထိုအိမ်ထဲကနေ လှည့်ထွက်လာခဲ့လိုက်သည်။

I Need You ( Completed)Où les histoires vivent. Découvrez maintenant