25

5.4K 260 28
                                    

Unicode
********

" Teacher .. ဒါကို ဘယ်လိုဆွဲရတာလဲ .."

သင်တန်းသူလေးတစ်ယောက်ရဲ့ အမေးကို ကျောက်စက်သွေး စုတ်တံကိုင်ကာ ကင်းဗက်စပေါ် နာမူနာ ရေးဆွဲပြလိုက်ရင်း ဖုန်းဝင်လာတာကြောင့် ကိုင်လိုက်သည်။

"Hello.."
"Hello.. ဦးကျောက်စက်သွေး ဟုတ်ပါသလား ခင်ဗျ"
"ဟုတ်ကဲ့ ကျွန်တော် ကျောက်စက်သွေးပါ ၊အခု ဘယ်သူများလဲ မသိဘူး"
"ဟုတ်ကဲ့ ကျွန်တော် သူဌေးရာဇ်ရဲ့ ရှေ့နေပါ၊ သူဌေးရာဇ် သေဆုံးသွားပြီ ဖြစ်လို့ သူ့သေတမ်းစာအတိုင်း ပိုင်ဆိုင်မှုတွေကို ခင်ပွန်းဖြစ်သူ ဦးကျောက်စက်သွေးနဲ့ သမီးဖြစ်သူ မပန်းမြတ်ဖွေးနဲ့ သား မောင်ရာဇ်စက်တို့ထံ အမွေလွဲပြောင်းသွားမှာဖြစ်ပါတယ်။ လက်ခံရယူဖို့ မောင်ကျောက်စက်သွေးဒီကို ပြန်ခဲ့မလား ၊ကျွန်တော် အဲ့ကို လာခဲ့ရမလားခင်ဗျ.."

"ဗျာ..၊ခင်ဗျား မနောက်ပါနဲ့၊ ကျွန်တော့်နာမည် ကျောက်စက်သွေးနဲ့ သမီးပန်းမြတ်ဖွေးတော့ မှန်ပါရဲ့၊ ဒါပေမယ့် ကျွန်တော့်မှာ သားမရှိပါဘူးဗျ၊ ပြီးတော့ ရာဇ်က ဘယ်လိုလုပ် သေမှာလဲ ၊အလတ်ကြီးရှိသေးတာကို..၊ ခင်ဗျား စတာ တော်ရုံတန်ရုံ စဗျာ.."

ကျောက်စက်သွေး စိတ်တိုတိုနှင့် ဖုန်းချလိုက်ပြီး မမacc ကို ဝင်ကြည့်လိုက်သည်။မ‌‌ေန့ကပင် မမက အဝတ်စားထုတ်တွေ ဓာတ်ပုံရိုက်တင်ထားပြီး ဆေးရုံတက်တော့မည်ဖြစ်ကြောင်း အသိပေးထားသည်ပဲ။

ကျောက်စက်သွေး ဖုန်းပိတ်မည်ပြင်တော့ ခဏက နံပါတ်ပဲ ထပ်ဆက်လာပြန်သည်။
"ကျွတ် ! ဒီလူ"
ကျောက်စက်သွေး မကိုင်ဘဲ ချထားလိုက်တော့သည်။ အတန်ကြာတော့ အသံပိတ်သွားပြီး ထပ်မခေါ်လာတော့။ ကျောက်စက်သွေးလည်း သင်တန်းသားတွေကိုပဲ ဆက် ဂရုစိုက်နေလိုက်တော့သည်။

"အား.....မဖြစ်ဘူး..."

သင်တန်းသူလေးတစ်ယောက်က နောက်တန်းမှ နေ၍ ရုတ်တရက်ကြီး ထအော်ငိုလေရာ အားလုံး ကြောင်သွားပြီး ကျောက်စက်သွေးလည်း အမြန် ထိုကလေးအနားသွားလိုက်ကာ မေးမြန်းလိုက်သည်။

"‌ကလေး သမီး..သမီး..ဘာဖြစ်တာလဲ၊ ဘယ်နား အဆင်မပြေလို့လဲ.."

ထိုကလေးမလေးက မျက်ရည်တွေ တအိအိ ပြိုကျလာကာ

I Need You ( Completed)Where stories live. Discover now