5

6.4K 301 4
                                    

Unicode
*********

အိပ်ရာပေါ်မှာ ချွေးတလုံးလုံးဖြင့် လူးလိမ့်နေသော လူငယ်တစ်ဦး။ ဝမ်းဗိုက်ကို ဖိကာ နဖူးပေါ်တွင်လည်း ချွေးတွေသီးလျက်။
"မောင်လေး သည်းခံဦးနော် ၊မမ ဆေးသွားရှာဦးမယ်.."
"မမ သားကို ဒီကလေး ဖျက်ချခွင့်ပေးပါ၊ သားတောင်းပန်ပါတယ်၊ သားသေတော့မယ်..."
"ဟင့်အင်း မောင်လေး အဆင်ပြေသွားမှာပါ၊ မမကိုယုံ၊ ခဏစောင့်နော် ..၊ ပါပါးဆေးသွားယူနေတယ် ခဏနေ ပြန်လာလိမ့်မယ်"

ဦးထွဋ်ရှိန် alpha pheromone ဆေးအတုကို ဆေးရုံတစ်ခုကနေ တရားမဝင် ဝယ်ယူပြီး ကားဖြင့်အိမ်သို့အပြေးနှင်လာမိသည်။ သားငယ်က ကိုယ်ဝန်ဆွဲကပ်နေသလို သူ့မိတ်ဖက် alpha ရဲ့ pheromone ကို လုံးဝ မရရှိတာကြောင့် pheromone တွေက မတည်မငြိမ်နှင့် သားငယ်ကို ထိခိုက်စေကာ ဝမ်းထဲက ကလေးငယ်ကလည်း အဖေဖြစ်သူရဲ့ pheromone ကို မရရှိတာကြောင့် ဝမ်းဗိုက်ထဲ pheromone တောင့်တမှုကို ပြသသည့်အနေဖြင့် လူးလားဆန်ခတ်နေကာ သားငယ်မှာလည်း ၂၄နာရီလုံးလုံး အမြဲဗိုက်နာလို့နေသည်။

ကိုယ်ဝန် ဖျက်ချဖို့?။ တစ်ဖက် alpha ရဲ့ သန်မာလွန်းတဲ့ pheromone ဝင်ရောက်မှုက သားအိမ်တွင်း၌ အချင်းကို ခိုင်မာစွာ စွဲကပ်နေစေကာ ကလေးဖျက်ချလိုက်ပါက အချင်းမကျနိုင်ဘဲ ကိုယ်ဝန်လွယ်ထားရတဲ့သားငယ်ပါ အသက်အန္တရာယ်ထိခိုက်နိုင်သည်။ ထို့ကြောင့် ထိုကလေးကို မွေးရန်မှလွဲပြီး တခြားနည်းမရှိ။

အိမ်ပြန်ရောက်တော့ သားငယ်ကို ဆေးထိုးပေးလိုက်ပြီး ထိုဆေးအာနိတင်ဖြင့် ဝမ်းဗိုက်ထဲက pheromone တောင့်တမှုက တဖြည်းဖြည်း ငြိမ်ကျသွားကာ သားငယ်လဲ အိပ်ပျော်သွားတော့သည်။

သစ်ခက်ဆွေး မောင်လေးရဲ့ ဗိုက်လုံးလုံးလေးကို အသာပွတ်ကာ
"တောင်းပန်ပါတယ် မောင်လေးရယ်၊ ကလေးလေး မွေးဖွားလာရင် မမအားလုံးတာဝန်ယူမှာပါ၊ မမရဲ့သား ၊မမမွေးခဲ့တာလို့၊ မောင်လေးဖြစ်ချင်တဲ့ နိုင်ငံခြားမှာ ပန်းချီပညာကို ဆက်လေ့လာပြီး ထိပ်ဆုံးကို ရောက်အောင်သွားနော်..."

မောင်လေးနဖူးကို အသာနမ်းကာ အိမ်ရှေ့ထွက်လာလိုက်သည်။ ဆိုဖာပေါ်မှာ ပါပါးက နွမ်းလျစွာ ထိုင်ပြီး နားထင်ကို နှိပ်လို့နေသည်။
"ပါပါး သမီးနှိပ်ပေးမယ်"
"ပါပါး အဲ့ဆေးကလေ မောင်လေးကို ဘယ်လောက်ထိ ဘေးထွက်ဆိုးကျိုး ရှိနိုင်လဲ"
"အင်း...သူက မရှိတဲ့ pheromone ကို ရှိနေသလိုမျိုး အတုဖန်တီးပြီး စိတ်ကို လှည့်စားဖို့ သုံးတာဆိုတော့ ကြာရင် သုံးစွဲသူက အဲ့ဆေးရဲ့ ဆိုးကျိုးအနေနဲ့ အစစ်မှန်ကို မေ့ပြီး မရှိတဲ့အရာကို အမှန်လို့ထင်တတ်တာမျိုး၊ မှတ်ဉာဏ်မေ့သွားတာမျိုး....၊ ဒါပေမယ့်.. သားငယ်မသိတဲ့ လူတစ်ယောက်ရဲ့ ကလေးကို မွေးပေးဖူးတယ်ဆိုတဲ့ အမှန်တရားထက် မှတ်ဉာဏ်မေ့ပြီး ဘဝအသစ်ကို ပြန်စနိုင်ရင်လည်း ကောင်းတာပဲ မဟုတ်လား..."

I Need You ( Completed)Tahanan ng mga kuwento. Tumuklas ngayon