17

4.7K 230 3
                                    

Unicode
********

*တင်း..တောင်*

ကျောက်စက်သွေး ညက သင်တန်းကအပြန် နောက်ကျမှ အိပ်ရာဝင်ခဲ့တာကြောင့် အိပ်ရေးမဝသေးဘဲ အိပ်မှုံစုံမွှားဖြင့် တံခါးဘဲလ်တီးသံကို ထကြည့်ပြီး တံခါးဖွင့်ပေးလိုက်သည်။

"သားငယ်.."
"အယ်..ပါး.."

ဦးထွဋ်ရှိန်တစ်ယောက် ခေါင်းစုတ်ဖွားနှင့် သားငယ်ကို ကြည့်ပြီး ရက်ထဲက ငိုချင်စိတ်က လှိုက်လှိုက်တက်လာကာ သားငယ်ကို ဆွဲဖက်လိုက်တော့သည်။
"ပါး..."
"ခဏလေး ပါးရဲ့ သားငယ်လေးကို လွမ်းလို့ ခဏ ဖက်ထားဦးမယ်"
"ပါးအတွင်ဆို ခဏမဟုတ်ဘူး တစ်ဘဝလုံး ဖက်ထားလဲ ရပါတယ်ခင်ဗျ"
"ဒီကလေး ကြည့်စမ်း၊ စကားတွေ တတ်နေလိုက်တာ"
"ဒါနဲ့ ပါး..ဒီကို ဘယ်လိုရောက်လာတာလဲ"
"အာ..သားကို လွမ်းလို့ သားကို လာတွေ့တာလေ"
"ဟီး သားတောင်းပန်ပါတယ်နော် ပါး၊ မပြောမဆိုနဲ့ ထွက်လာလိုက်တာ၊ ပြီးတော့ မမရဲ့ မင်္ဂလာပွဲကိုလည်း မတက်ဖြစ်ခဲ့ဘူး၊ မမစိတ်ဆိုးနေလောက်ပြီထင်တယ်"
"ရပါတယ် သူ့ယောကျာ်းနဲ့သူ ပျော်နေလောက်ပြီ၊ ကျန်တာ စိတ်ထဲ ရှိမှာမဟုတ်ဘူး"

"ပါး ဒီကို ထွက်လာတော့ အိမ်ကို ဘယ်သူကြည့်မှာလဲလို့ ပါးရဲ့"
"သားအမတို့တွေ ရှိတယ်လေ"
"ဟင် မမက ရာဇ်နောက် လိုက်မသွားဘဲ သားတို့အိမ်ကို ရာဇ်က ရွေ့လာတာလား"
"ဟုတ်မှာပေါ့"
"အာ...ထူးဆန်းလိုက်တာ"

ပုံမှန်ဆိုလျှင် alpha တစ်ယောက်က သူ့အပိုင်ကို သူ့ပိုင်နက်ထဲ သိမ်းထားရတာကို ဝါသနာပါကျတာ မဟုတ်ဘူးလား၊ ရာဇ်က ဘာလို့များ မမကို သူ့ပိုင်နက်ထဲ မခေါ်သွားရတာလဲ...။

ဒီနေ့က ရာဇ်တို့ရဲ့ ၁လပြည့်တဲ့နေ့။ ဆွေး ရိုက်ကူးရေး ထွက်သွားတော့ ရာဇ်တစ်ယောက် သူ့ဟိုတယ်မှာ ညစာစားပွဲ စီစဉ်ခိုင်းလိုက်ပြီး ဒီညတော့ ဆွေးကို ရအောင်ယူဖို့ ဆုံးဖြတ်လိုက်သည်။ သူလည်း ယောကျာ်းသားတစ်ယောက်မို့ သူလက်ထပ်ထားတဲ့ သူ့မိန်းမကို စိတ်ရောကိုယ်ပါ ပိုင်‌ဆိုင်ချင်မိသည်မှာ သူ့အမှားလို့တော့ မဆိုသာ။ ဆွေးက အခုထက်ထိ ငြင်းဆန်နေတာကြောင့် ဒီညတော့ ရာဇ် ဆွေးသောက်မယ့် ဝိုင်ထဲ ဆေးခတ်ရန် ကြံစည်လိုက်သည်။

I Need You ( Completed)Hikayelerin yaşadığı yer. Şimdi keşfedin