13

5.3K 254 45
                                    

Unicode
*********

"ပါပါး.."

သမီးလေးရဲ့ ခေါ်သံအဆုံးမှာ ကျောက်စက်သွေး နှလုံးအိမ် တစ်ခုလုံး ကျိုးကြေခဲ့ပြီ။ ဟုတ်တာပေါ့ အဖေနဲ့သမီး မိသားစုတွေ ပြန်ဆုံတဲ့ ဇာတ်လမ်းမှာ သူဟာ အပိုလူတစ်ယောက်သာ။

ရာဇ်နှလုံးအိမ်ထဲ ပီတိဖြစ်သွားပြီး ကြမ်းပြင်ပေါ် စောင့်ကြောင့်ထိုင်ချပြီး လက်ဖွင့်ကာ စီးကြိုလိုက်သည်။

"သမီးလေး ပါးဆီ လာပါဦး"

ပန်းမြတ်ဖွေး အိပ်ချင်မူးတူး မျက်လုံးကို အသာပွတ်ကာ ခြေလှမ်းတွေကို ရွေ့လိုက်ပြီး တစ်လှမ်းခြင်း လှမ်းလာလိုက်သည်။

သမီးငယ်ရဲ့ ခြေတစ်လှမ်းခြင်းဆီက ‌သစ်ခက်ဆွေးနဲ့ ရာဇ်အတွက်တော့ ပျော်ရွှင်စရာပေမယ့် ကျောက်စက်သွေးအတွက်တော့ တစ်ဖြည်းဖြည်း ဝေးကွာသွားတဲ့ ခြေလှမ်းတွေ...။

ဖွေး မျက်လုံးပြန်ကြည်လာတော့ မားဘေးကနေ သူ့ကို လက်ဆန့်ကြိုနေတဲ့ ဦးလေးကြီးကို အထူးအဆန်းကြည့်လိုက်ကာ အနည်းငယ် ကြောင်သွားပြီး ထိုဦးလေးကြီးကို ကွေ့ရှောင်ကာ ပါပါးခါးကို ပြေးဖက်လိုက်တော့သည်။

"ပါပါး..ဘယ်ချိန်က ပြန်လာတာလဲ ဖွေးကိုတောင် လာမနှိုးဘူး၊ ဖွေး ပါးအတွက် လည်စည်းလေး ဝယ်လာတယ်သိလား "

ဖွေးရဲ့ အပြုမူကြောင့် ကွက်ခနဲ ပျက်သွားတဲ့ မျက်နှာ၂ခုနှင့်အတူ ကျောက်စက်သွေးရဲ့ မျက်ရည်တွေက ပါးပြင်ပေါ်သို့ တစ်လှိမ့်ခြင်းဆီ စီးကျလာတော့သည်။

"သမီး..ဖွေး...ပါးရဲ့ ကလေး..."

သမီးကို ပြန်ပွေ့ဖက်လိုက်ပြီး သူ့မျက်ရည်တွေကို လွတ်လပ်စွာ စီးဆင်းခွင့် ပေးလိုက်တော့သည်။ တော်သေးတာပေါ့...အနည်းဆုံးတော့ သမီးလေးက သူ့ကို စွန့်ပစ်မသွားလို့..။

သစ်ခက်ဆွေး သူမမောင်နှင့် သမီးနား အမြန်သွားလိုက်ပြီး လူခြင်း ဆွဲခွာလိုက်ကာ

"ဖွေး သမီး နိုးပြီလား၊ မားဆီ လာပါဦး"

သူ့လက်ထိပ်ကနေ လွှတ်ထွက်သွားတဲ့ သမီးလေးရဲ့ လက်သေးသေးလေးကို ငေးရင်း ကျောက်စက်သွေး ကြောင်အနေဆဲ။

I Need You ( Completed)Donde viven las historias. Descúbrelo ahora