8

5.1K 253 2
                                    

Unicode
********

"သူအခုထိ လက်မခံသေးဘူးလား"
"ဟုတ်ကဲ့ အကြောင်းမပြန်သေးဘူးဆရာ"
"ကျစ်! ငွေပိုပေးလိုက် ၊အခုချက်ခြင်း.."
"ဟုတ် ဟုတ်.."

ရာဇ် ထိုကောင်ဓာတ်ပုံကို လက်ညှိုးနှင့် တတောက်တောက် ထောက်ပြီး
"‌‌ဒါမှမဟုတ် ငါကိုယ်တိုင် သွားတွေ့သင့်လား"

ရာဇ် သူ့အနွေးထည်ကို ကောက်ဝတ်ကာ ကားသော့ဆွဲပြီး သစ်ခက်ဆွေးရဲ့ အိမ်ကို ဦးတည်လိုက်သည်။

"ပါပါး ပါပါး ဖွေးစတော်ဘယ်ရီစားချင်လို့"
"ဟင် ဖွေးခဏက စားပြီးပြီလေ"
"ဖွေး နောက်ထပ် တစ်လုံးပဲ စားမယ်လေ ပါး.."

ရာဇ်ကို စီးကြိုနေသည့် မြင်ကွင်းက သွေးရဲ့ သမီးလေးက ထိုကောင်လေးရဲ့ ရင်ခွင်ထဲ ဝင်နေကာ "ပါး"ဟု တွင်တွင်ခေါ်လျက် ၂‌ဦးသား ရီမောနေသည့် ပုံရိပ်ပင်။ သွေးရဲ့ သမီးလေးက ထိုလူကို ပါးလို့ ရီမောခေါ်နေတာ ကြားတော့ ရာဇ်ရဲ့ သွေးတွေက ပွက်ပွက်ဆူလာကာ ထိုကောင်ကို သမီးလေးဘေးက ဆွဲခွါချင်စိတ် ဖြစ်လာသည်။

"Hello...."

ကျောက်စက်သွေး သမီးလေးကို မစားရန် ချော့ပြောနေဆဲပင် ခြံရှေ့မှာ လူကြီးတစ်ဦးပေါ်လာပြီး ဘဲလ်လာတီးပြီး ခေါ်တာကြောင့် သမီးလေးကို ခါးထစ်ခွင် ပွေ့ပြီး တံခါးဖွင့်ပေးလိုက်သည်။
"ဒီအိမ်က ပန်းချီဆရာ ကျောက်စက်သွေးရဲ့ အိမ်လားမသိဘူးခင်ဗျ.."
သူ့ကို နာမည်တပ်၍ ခေါ်လာတာကြောင့် ကျောက်စက်သွေး သမီးလေးကို ချလိုက်ပြီး
"ဟုတ် ကျွန်တော်ပါ၊ ဘာကိစ္စများလဲ မသိဘူး"
"ကျွန်တော် အထဲ ဝင်ခဲ့လို့ ရမလား"

ထိုတော့မှ ကျောက်စက်သွေး အားနာသွားပြီး

"အာ ဝင်ပါခင်ဗျ ဝင်ပါ"

တံခါးဖွင့်ပေးလိုက်တော့ ထိုလူက ခဏက သူနှင့် သမီးလေးထိုင်ခဲ့တဲ့ ခြံထဲက စားပွဲဝိုင်းမှာ ခပ်တည်တည် ဝင်ထိုင်ပြီး သူ့ကိုပါ ထိုင်လေဆိုတဲ့ အမူရာ ပြလို့နေသည်။ ကျောက်စက်သွေး အူကြောင်ကြောင်နှင့် ဝင်ထိုင်လိုက်ပြီး

"ဖွေး သွား မီးဖိုခန်းထဲက အဒေါ်ကို ဧည့်သည်အတွက် စားစရာလေး ပြင်ပေးပါဦးလို့"

I Need You ( Completed)Where stories live. Discover now