24

4.9K 228 3
                                    

Unicode
*********

ဟိုတယ်ကို ပြန်ရောက်သည်နှင့် ကျောက်စက်သွေး passportနှင့် မှတ်ပုံတင် ယူလိုက်ကာ သမီးကို ပွေ့ပြီး လေဆိပ်သို့ ထွက်ခဲ့တော့သည်။ နောက် ဟိုမှာ သူတစ်ဖက်လှည့်နှင့် ချန်ထားခဲ့သော အဖေဖြစ်သူကို ဖုန်းလှမ်းဆက်ပြီး လေယာဉ်လက်မှတ်ဖြတ်ခိုင်းလိုက်တော့သည်။

သူလေဆိပ်ကို ရောက်တော့ ဖွေးက သူ့လက်ကို အသာဆွဲကာ စုပ်ကိုင်လာသည်။

ဟုတ်တာပေါ့ သူ့မာနကိုပဲ သူရှေ့တန်းတင်နေတာ သမီးရဲ့ သဘောထားကို သူမမေးဖြစ်။
"ဖွေး...တကယ်လို ပါးက အခု ဖွေးကို ခေါ်ပြီး အဝေးကြီးကို ထွက်သွားမယ် ၊ဖွေးရဲ့ မားနဲ့ ဒယ်ဒီကိုလည်း ထပ်မတွေ့ရတော့ဘူးဆိုရင်တောင် ဖွေး ပါပါးနောက် လိုက်ချင်သေးရဲ့လား"

ဖွေး သူမလက်သေးသေးလေးနှင့် ပါပါးရဲ့ လက်ကို အားဖြင့် စုပ်ကိုင်လိုက်ကာ

"ပါးနဲ့သာ အတူရှိရင် ဖွေးအားလုံးကို ရင်ဆိုင်နိုင်ပါတယ်ဆို...၊ပြီးတော့ မားနဲ့ ဒယ်ဒီတို့က ဖွေးမရှိလည်း အဆင်ပြေတယ်လေ ၊ မားမှာ ကိုယ်ဝန်ရှိနေပြီဆို ၊ မွေးလာမယ့် ကလေးလေးက မားနဲ့ ဒယ်ဒီကို အဖော်ပြုပေးပါလိမ့်မယ် "

ကျောက်စက်သွေး လန့်သွားပြီး သမီးလေးကို တင်းတင်းဖက်ထားလိုက်မိတော့သည်။

"ပါးတောင်းပန်ပါတယ် ဖွေးရယ်၊ ဖွေး ကို ပြည့်စုံတဲ့ မိသားစုလေး ပါးမဖန်တီးပေး‌နိုင်တော့ဘူး၊ မားမှာ...မားမှာ ကိုယ်ဝန်ရှိနေတာ ဖွေး ဘယ်လိုသိသွားတာလဲ၊ အဲ့ကလေးကို ဖွေး မုန်းလား..."

"ပါးနဲ့ ဒယ်ဒီ ဆေးရုံအထွက်မှာ ရန်ဖြစ်နေတုန်း ဖွေး ကြားလိုက်တာ၊ ဘာလို့ ကလေးကို မုန်းရမှာလဲဟင်..၊ သူလည်း မားနဲ့ ဒယ်ဒီတို့ရဲ့ အချစ်ကြောင့် ဖြစ်ထွန်းလာတာပဲမလား၊ သူလည်း အချစ်ခံထိုက်ပါတယ်"

ကျောက်စက်သွေး သမီးလေးရဲ့ အရွယ်နဲ့ မလိုက်အောင် သိတတ်မှုကြောင့် မျက်ရည်ဝဲလာပြီး သမီးနဖူးကို နမ်းလိုက်ကာ

"သွားကျရအောင် "

ကားငှားခဲ့တဲ့ ကောင်လေးကို သေချာနှုတ်ဆက်ပြီး ကားပြန်ပေးခဲ့ကာ ကျေးဇူးတင်စကားဆိုရင်း ထိုကောင်လေး အကူညီဖြင့်ပင် လေဆိတ်သို့ taxi ငှားကာ ထွက်ခဲ့တော့သည်။

I Need You ( Completed)Onde histórias criam vida. Descubra agora