32

4.9K 264 7
                                    

Unicode
*********

*ဖြန်း*

ပင်လယ်ပြာ ပူထူသွားတဲ့ သူ့ပါးပြင်ကို ဂရုမစိုက်အား။ မ ရဲ့ နှုတ်ခမ်းတွေက နူးညံ့လိုက်တာ...။

"တောင်းပန်ပါတယ် မ၊ ကျွန်တော် လွန်သွားတယ်"
"မဟုတ်ဘူး ၊မင်း ဒို့ကို ကူညီချင်လို့ လုပ်မှန်း ဒို့သိပါတယ်၊ ဒါပေမယ့် ဒို့အသားကိုတော့ လာမထိစေချင်ဘူး။ ဒို့ခွင့်ပြုချက်မရဘဲ ဒို့အသားကို မထိပါနဲ့"

"ဟုတ်၊ ရာဇ်က မရဲ့ ချစ်သူမဟုတ်ဘူးလား ၊ဘာလို့ ကျောက်စက်သွေးနဲ့ အတူရှိနေတာလဲ၊ သူ မ အပေါ် ဖောက်ပြန်သွားတာလား၊ ကျွန်တော် သူ့ကို သွားသတ်ပေးမယ်"

"မလိုဘူး၊ ပြီးတော့ ဒို့အပေါ် ဖောက်ပြန်သွားတာလဲ မဟုတ်ဘူး၊ ဒို့နဲ့ လမ်းခွဲပြီးမှ ဒို့မောင်နဲ့ တွဲခဲ့တာ။ သူတို့မှာ ဘာအပြစ်မှ မရှိဘူး။ ပြီးတော့ ပြောလိုက်ရင် သတ်မယ် သတ်မယ်နဲ့ ဘာလဲ မင်းက လူမိုက်လား ၊ မာဖီးယားလား၊ အသက်ကဖြင့် ဒို့ထက်ငယ်သေးတာကို လိမ္မာစမ်းပါ ပင်လယ်ပြာ"

"ဟီး ဟုတ် မ စကားနားထောင်ပါ့မယ်"
"ဒို့ကိုကြိုက်နေတာလား ပင်လယ်ပြာ"

ပင်လယ်ပြာ မရဲ့ နှုတ်ခမ်းကို စိုက်ကြည့်လိုက်ပြီး

"ဟုတ်တယ်ဆိုရင်ရော မ"
"ဟန်ဆောင် တွဲကြမလား"
"ဗျာ"
"ဒို့ရဲ့ ဟန်ဆောင် ရီးစားလုပ်ပေးမလား၊ ဒို့ပွဲတက်တဲ့အခါတွေ ဒို့ဘေးကနေ လိုက်ပေးရမယ်၊ ဒို့နေမကောင်းတဲ့အခါ ဒို့ကို ဂရုစိုက်ပေးရမယ်၊ မင်းဖက်က ပြန်ရမှာကတော့ ဒို့လို နိုင်ငံကျော် မင်းသမီးနဲ့ တွဲခွင့်ပဲ ၊ ဘယ်လိုလဲ"

"ဟားဟား မဗျာ...၊ ကောင်းပြီလေ တွဲကြတာပေါ့။ မောင့်ရဲ့ လှိုင်းခတ်သံလေး"

ပြောပြီး ပင်လယ်ပြာ မရဲ့ လက်ဖမိုးကို ဆွဲယူပြီး နမ်းရှိုက်လိုက်သည်။
သစ်ခက်ဆွေး မျက်နှာရဲခနဲ ဖြစ်သွားပြီး စောစောက အနမ်းကို ပြန်မြင်ယောင်လာကာ ရင်ထဲ ဝုန်း‌ဒိုင်းကျဲသွားပြီး လက်ကို အမြန်ပြန်ဆွဲထုတ်လိုက်ပြီး ပင်လယ်ပြာကို ကျောခိုင်းလိုက်တော့သည်။
"ပြန်တော့ နောက်နေ့မှ ဆက်သွယ်လိုက်မယ်"

သစ်ခက်ဆွေး အထဲပြန်ဝင်လာတော့ ရာဇ်နှင့် ကျောက်စက်သွေးက ဧည့်ခန်းထဲ ထိုင်နေကာ သူမဝင်သွားသည်နှင့် မျက်ဝန်းတွေက သူမထံသို့ ပြိုင်သူရောက်လာလေသည်။

I Need You ( Completed)Tahanan ng mga kuwento. Tumuklas ngayon