28

4.8K 260 6
                                    

Unicode
********

အနောက်တိုင်း အစားစာ အပြည့်နှင့် စားပွဲဝိုင်း။ စားပွဲတွင်‌တော့ လူ၄ယောက်က ဝိုင်းထိုင်နေကာ စကားသံ မထွက်ကျပေမယ့် လေထုဟာတော့ သူ့နည်းနဲ့သူ နွေးထွေးလျက်။ ရာဇ်ကို ကျေးဇူးတင်သည့်အနေဖြင့် ဖိတ်ကျွေးသော ညစာစားဝိုင်းလေးပင်။

သစ်ခက်ဆွေး အမဲသားစတစ်ကို သေချာစွာ လှီးဖြတ်လိုက်ပြီး ပါပါးပန်ကန်နှင့် လဲယူလိုက်ကာ

"ပါပါးအတွက်"

ဦးထွဋ်ရှိန် ပြုံးလိုက်ပြီး သမီးဖြစ်သူခေါင်းကို ပွတ်သပ်ကာ
"ကျေးဇူးပါဗျာ "
"သား အတွက်ရောလို့"

ကျောက်စက်သွေး နှုတ်ခမ်းအနည်းငယ်ဆူကာ ပြောမိတော့ သစ်ခက်ဆွေးက ရီရင်း
"မောင်လေးက ကလေးလေ။ လူကြီးဖြစ်တဲ့ ပါပါးကို ဦးစားပေးလို့ မရဘူးလား"

ကျောက်စက်သွေး စိတ်ကောက်သည်ဆိုသည့်ဟန်ဖြင့် ဟင့်ခနဲ မမကို မျက်စောင်းထိုးလိုက်သည်။ နောက်မှ ရာဇ်ရှိနေသေးတာ သတိရသွားပြီး သူလုပ်မိသည်ကို သတိထားမိသွားကာ ရှက်သွားတော့သည်။

ရာဇ် သူ့ရှေ့က ကောင်လေးကို ကြည့်ပြီး ရင်ထဲစိတ်မကောင်း။ ကျောက်စက်သွေးနဲ့ သစ်ခက်ဆွေးကြားက ဒီလိုချစ်စဖွယ် ဆက်ဆံရေးလေးဟာ ဘယ်လောက်တောင် အားကျ ကြည်နူးဖို့ ကောင်းလိုက်လေသလဲ....။သူ့ကြောင့်..သူ့ကြောင့်သာလျှင် ဒီကောင်လေးက အမြဲ ဝမ်းနည်းနေခဲ့ရတာ။ အပြစ်ရှိစိတ်တို့က ပေါ်ထွက်လာပြီး သတိလက်လွတ် သူ့ပန်းကန်ကို ကောင်လေးရှေ့ တိုးပေးလိုက်ကာ

"ကိုယ့်ဟာယူလိုက်"

"ဗျာ"

"အာ..၊ ကိုယ့်လည်း လှီးပြီးသား ဖြစ်နေလို့ ကိုယ့်ဟာယူပါလားလို့ ပြောတာပါ"

ပြောပြီး ကျောက်စက်သွေးရှေ့က ပန်းကန်ဖြင့် လဲယူလိုက်သည်။ သစ်ခက်ဆွေး တခစ်ခစ်ရီကာ
"အမလေး သမီးယောက်ဖနှစ်ယောက် ခုထဲက တည့်နေပြီပေါ့၊ မောင်လေးက လူကြောက်တတ်တဲ့ထဲ ပါတော့ နှစ်ယောက်သား ရင်းနှီးဖို့ အချိန်ယူရမယ် ထင်နေတာ"

သစ်ခက်ဆွေး စကားကြောင့် ၂ယောက်လုံး မျက်နှာပျက်သွားပြီး တောင့်တင်းကုန်တော့သည်။ သစ်ခက်ဆွေးက သတိမထားမိဘဲ ပါပါးနှင့် ဟာသပြောလိုက် အစားစားလိုက်ဖြင့် စားပွဲဝိုင်းဟာ အနည်းငယ် ထူးဆန်းနေသလို နွေးလည်း နွေးထွေးလျက်။

I Need You ( Completed)Unde poveștirile trăiesc. Descoperă acum