38

3.3K 111 0
                                    

Unicode
*********

ကျောက်စက်သွေး ဒိုင်ယာရီစာအုပ်ကို ပြန်ကောက်ကိုင်လိုက်ပြီး ပထမဆုံး စာမျက်နှာကို လှန်ကြည့်လိုက်သည်။ 2023 ခုနှစ် ဆိုတဲ့ထိပ်စီးက ထင်းလျက်။
"ဒါမမအကယ်ဒမီရတဲ့နှစ်ပဲ"
သူ ဆက်ဖတ်ရင်း ဆက်ဖက်ရင်း မျက်ဝန်းတွေက ပြူးကျယ်လာကာ ဒိုင်ယာရီစာမျက်နှာတွေကြား စီးမျောသွားလျက်။

"ကျွန်တော့်နာမည် ကျောက်စက်သွေးပါ။ ပါးပါးနဲ့ မမရဲ့ ပြောပြချက်အရပါ။ ကျွန်တော်ဘာမှမမှတ်မိဘူး။ ကျွန်တော်နိုးထလာလာခြင်း တစ်ခုခုကို ဆုံးရှုံးခဲ့ရသလို ရင်ထဲက နာကျင်နေတာပဲ ခံစားလို့ရတယ်။ ကိုယ့်ကိုကိုယ် ဘယ်သူမှန်းလဲ မသိတော့ဘူး။ ဒီမှန်ထဲက မျက်နှာကလဲ ဘယ်သူမှန်းမသိတော့ဘူး။ ပါးပါးပြောပြတာကတော့ ကျွန်တော် ကားအက်စီးဒန့်ဖြစ်ပြီး မျက်နှာလဲပျက်စီးသွားပြီး အတိတ်ပါ မေ့သွားတာတဲ့။ ဘာပဲဖြစ်ဖြစ်ကျွန်တော် အသက်ဆက်ရှင်နေတာကိုပဲ ကျေးဇူးတင်လှပါပြီ။"

စာမျက်နှာတစ်ခုဟာ အဆုံးသတ်သွားခဲ့လျက်။

"ငါ ဘယ်တုန်းကမှ အက်စီးဒန့်မဖြစ်ဖူးသလို ခွဲစိတ်မှုလဲ မလုပ်ဖူးဘူး.။ ဒါသေချာပေါက် ငါမဟုတ်ဘူး။ သေချာပေါက်ကို အခုငါရောက်နေတာက ငါ့အနာဂတ်မဟုတ်ဘူး"
ကျောက်စက်သွေး နောက်စာမျက်နှာကို ထပ်လှန်လိုက်သည်။
"ဒီနေ့ ချစ်စရာ တိုဖူးတုံးလေးနဲ့ တွေ့ခဲ့တယ်။ ပန်းမြတ်ဖွေးတဲ့ ။ ငါ့တူမလေးလေ ။ မမရဲ့ သမီးလေးတဲ့ ။ မြင်တာနဲ့ ဖျစ်ညစ်ပစ်ချင်ဖို့ကောင်းအောင်ကို ချစ်ဖို့ကောင်းလွန်းတယ်။ ငါ့မှာလဲ အဲလို သမီးလေးတစ်ယောက်ရှိရင်ကောင်းမှာပဲ။ ကံကောင်းတာတစ်ခုက မမက သူ့သမီးလေးကို ငါ့သမီးလေးလိုပဲ သဘောထားလို့ရတယ်တဲ့ ။"

" သိလား သမီးလေး စကားစစပြောတတ်တတ်ခြင်း ပြောတဲ့ စကားကလေ ပါးပါးတဲ့ ။ သမီးလေးက ငါ့လက်ကို ကိုင်ပြီး ပါးပါးလို့ စ စကားပြောခဲ့တာ။ အဖေမရှိတော့တဲ့ သမီးလေးအတွက် ငါက အဖေကောင်းတစ်ယောက်ဖြစ်အောင်နေဖို့ ဆုံးဖြတ်လိုက်ပြီ။ သမီးလေးရဲ့ အဖေကို ဘယ်သူမှန်း ငါလဲမသိတော့ဘူး။ ပါးပါးနဲ့ မမကလည်း မေးလိုက်ရင် မျက်နှာမကောင်းလို့ ဆက်မမေးဖြစ်တော့ဘူး"

I Need You ( Completed)Where stories live. Discover now