4

6.6K 310 0
                                    

Unicode
********

၃လခန့်ကြာပြီးနောက်..

အကယ်ဒမီ‌ဆုရှင် သစ်ခက်ဆွေးဟာ သူမအနုပညာအလုပ်ကို တစ်သက်လုံး စွန့်လွတ်လိုက်ပြီဖြစ်ကြောင်းနှင့် သူမမှာ ရင်သွေးငယ်တစ်ဦး လွယ်ထားရပြီဖြစ်ကြောင်း အနည်းငယ် ဗိုက်ပူနေသော ဓာတ်ပုံများက ဆိုရှယ်မီဒီယာပေါ် ပျံနှံ့လို့နေသည်။ တစ်နိုင်ငံလုံးက ပရိတ်သတ်တွေက သူမရဲ့ အနားယူမှုကို ဝမ်းနည်းပူဆွေးနေကြပြီး တစ်ချို့ကလည်း သူမရဲ့ ကိုယ်ဝန်အကြောင်းကို သိချင်လို့နေသည်။

"ဆွေး!!ဆွေး ဒါဘာသဘောလဲ၊ ဒီကိုယ်ဝန်ကရော ဘယ်ကပေါ်လာရတာလဲ၊ ကိုယ့်ကို ရှင်းပြစမ်းပါ!"
"Sorry ရာဇ်၊ ‌ရာဇ်ကို သစ်ခက်က အပျော်တွဲခဲ့တာ၊ အခု သစ်ခက် တစ်ကယ်ချစ်ရတဲ့သူရဲ့ ရင်သွေးကို လွယ်ထားရပြီ၊ ရာဇ် သစ်ခက်ကို မေ့လိုက်ပါတော့.."

*တီ တီ တီ"

တတီတီကျသွားတဲ့ ဖုန်းကို ရာဇ် ဒေါသဖြစ် နံရံကို ပစ်ပေါက်လိုက်ရာ သနားစရာ ဖုန်းမှာ တစ်စစီကွဲလျက် စွန့်ပစ်ခံလိုက်ရလေပြီ။

"ငါ့ကို ကားပြင်ပေး၊ ငါဆွေးဆီသွားမယ်"

အတွင်းရေးမှူးကို ပြောကာ ရာဇ် ဆွေးဆီသို့ အမြန်မောင်းလာခဲ့မိသည်။ ထိုအကယ်ဒမီပေးပွဲ ပြီးထဲက ဆွေးက အတွေ့မခံကာ ဖုန်းဆက်တိုင်းလည်း အကြောင်းအမျိုးမျိုးပြပြီး ဖုန်းချသွားတတ်သည်။ သူသည်လည်း ဆေးအရှိန်ဖြင့် သူအမှတ်သားပြုခဲ့မိသည့် ကောင်လေးကို လိုက်ရှာရန် အလုပ်ရှုပ်နေတာကြောင့် ဆွေးကို သွားမတွေ့အား။ ဒီနေ့တက်လာတဲ့ ဆွေးရဲ့ ကိုယ်ဝန်နှင့်ပုံတွေက သူ့မာနကို ဖြတ်ရိုက်လိုက်သလို။

သူ့လိုအရာရာ ပြည့်စုံတဲ့ alpha ကို စွန့်ပစ်ပြီး ဘယ်ကမှန်းမသိတဲ့ ကောင်နဲ့ ကလေးတောင် ရနေပြီပေါ့!။ ဒေါသအရှိန်ဖြင့် ကားလေးက လမ်းပေါ်မှာ တရိပ်ရိပ်ပြေးလို့။ ဆွေးတို့ရဲ့ စံအိမ်ကို ရောက်သွားပေမယ့် သော့တန်းလန်းနှင့် ခြံရောင်းမည် ‌ဆိုသည့် စာတန်းကသာ သူ့ကို စီးကြိုနေသည်။

"ဟာကွာ! ဆွေး မင်း!"

ကားကိုယ်ထည်ကို ပိတ်ကန်လိုက်ရာ ကား alarm က တဝှီဝှီထမြည်လာပြီး လမ်းတစ်လျောက်လုံးကို ဆူညံသွားစေသည်။ တစ်ဖက်ဘေးခြံက ခြံစောင့်ဖြစ်ဟန်တူသော Beta ဦးလေးကြီးက ထွက်လာပြီး

I Need You ( Completed)Donde viven las historias. Descúbrelo ahora