29

4.6K 270 11
                                    

Unicode
*********
ရာဇ် ကျောက်စက်သွေးတို့ သားဖ ၃ယောက်ကို ပြန်လိုက်ပို့ရင်း ဆွေးကို ခဏခေါ်ကာ

"ဆွေး ခဏနေ စကားပြောကြရအောင်"
"ဟင် ဘာပြောမလို့လဲ "
"အာ ကိုယ်တို့၂ယောက်ထဲ ပြောလို့ရလား"

"ဟုတ် ရာဇ်"

ကျောက်စက်သွေး lover set မှာ ထိုင်ပြီး ရာဇ်နဲ့ ပြုံးပျော်စွာ စကားပြောနေသော မမကိုကြည့်ပြီး ရင်ထဲ မနာလိုစိတ်က အနည်းငယ် ချဉ်စူးလျက်။

သူလဲ တစ်နေ့ အဲ့နေရာ ထိုင်ခွင့်များ ရှိလေမလား ။

နှာခေါင်းဝ ချဉ်တက်လာတဲ့ မျက်ရည်စတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်သိမ်းကာ ပြတင်းပေါက်အပြင်သို့သာ ငေးကြည့်နေလိုက်သည်။

အဖေနှင့် မောင်လေး အိမ်ထဲဝင်သွားတော့ သစ်ခက်ဆွေး ရာဇ် ကားပေါ် ကျန်ခဲ့ကာ ရာဇ်လည်တိုင်ကို လှမ်းဖက်ပြီး နှုတ်ခမ်းကို လှမ်းနမ်းလိုက်သည်။ ရုတ်တရက်ဆိုသလို ရာဇ်က သူ့အနမ်းကို ရှောင်လိုက်တာကြောင့် သစ်ခက်ဆွေး မျက်မှောင်ကြုံ့သွားရသည်။

"ရာဇ်..."
"ကိုယ်တို့ လမ်းခွဲကြရအောင်"

သစ်ခက်ဆွေး ခပ်ဟဟရီရင်း သူမ ဆံနွယ်တွေကို နဖူးပေါ် သပ်တင်လိုက်ကာ
"အကြောင်းပြချက်က?"
"ဒီတိုင်းပဲ ..၊ကိုယ် တစ်ယောက်ထဲ နေချင်သေးလို့"
"အိုး...okလေ"
"ဟင်"

အရမ်းကို လွယ်ကူလွန်းတာကြောင့် ရာဇ် အစစ်မှန်ဆိုတာ သေချာလားလို့ သံသရ ဝင်လာမိသည်။
သစ်ခက်ဆွေး တခစ်ခစ်ရီလိုက်ကာ

"လမ်းခွဲဆိုလည်း ခွဲတာပေါ့၊ ဒါပေမယ့် ရာဇ်ကို ကိုယ့်ဖက်က ပြန်လိုက်ပိုးမယ်လေ၊ ရာဇ် ပြန်လက်ခံချင်တဲ့အချိန် လက်ခံပေးနော် "

ပြောပြီး သူ့ပါးကို ခပ်ဖွဖွနမ်းကာ ကားပေါ်က ဆင်းပြီး အိမ်ထဲ ဝင်သွားတော့သည်။

ဒါပဲလား...။ အရင်ဘဝက သူ့ကို အမုန်းခံ အသဲသန်ဖက်သွယ်ထားခဲ့တဲ့ သစ်ခက်ဆွေးက ဒီတစ်ယောက်ထဲဆိုတာ သေချာရဲ့လား ..။ အိမ်မက်များလား....။ အိမ်မက်ဆိုရင် ပြီးခဲ့တဲ့ ဘဝကသာ အိမ်မက်တစ်ခုဖြစ်နေပါစေလို့ ဆုတောင်းလျက်...။

ရာဇ်ကားလေး ပြန်ထွက်သွားသည်နှင့် သစ်ခက်ဆွေးတို့အိမ်နှင့် မနီးမဝေးအမှောင်ရိပ်ထဲတွင် ရပ်ထားသော ဆိုင်ကယ်ပေါ်မှ ဆေးလိပ်မီးရောင်က ရဲခနဲ ထွက်ပေါ်လာကာ ထိုဆေးလိပ်ငွေ့တွေကို အသာမှုတ်ထုတ်လိုက်တဲ့ နှုတ်ခမ်းထက်က အပြုံးက သိပ်ကို ကြောက်ဖို့ကောင်းစွာ ကော့ညွတ်လျက်...။

I Need You ( Completed)Onde histórias criam vida. Descubra agora