19

4.9K 271 17
                                    

Unicode
********

"ရာဇ်...."
ကျောက်စက်သွေးလှည့်စားလွန်းတဲ့ ကံကြမ္မာကို လှောင်ရီလိုက်ပြီး
"ဒါဆို အခု ကျွန်တော်ကြုံခဲ့ရတာတွေက ရာဇ်နဲ့ မမ ပေါင်းစပ်ဖို့ ကြိုးစားနေခဲ့လို့ပေါ့...၊ ဟား...ပါးရက်စက်တယ်ဗျာ၊ မမကလည်း သိရက်နဲ့ လုပ်ရက်တယ်၊ ရာဇ်နဲ့ ပေါင်းစပ်ရင် ကျွန်တော် ခံစားရမှာ သိရက်နဲ့ မမကလည်း ကျွန်တော့်ကို လိမ်ညာပြီး လက်ထပ်ခဲ့တယ်၊ ပါးကလည်း အရင်ထဲက သားကို အဖြစ်မှန်ဖွင့်ပြောခဲ့ရင် အခြေနေက ပြောင်းချင်ပြောင်းသွားနိုင်ပေမယ့်....ပါး သားကို လိမ်တယ်.."

"မဟုတ်ဘူး .ပါး မရည်ရွယ်ပါဘူး.."

ကျောက်စက်သွေး မျက်ရည်တွေ သုတ်လိုက်ကာ
"ရာဇ်ကရော သူသားနဲ့ ပေါင်းစပ်ခဲ့တယ်ဆိုတာ သူမသိဘူးလား"
"သားရုပ်ကို ခွဲစိတ်လိုက်လို့ သူမသိတော့ဘူး.."
"ဟက်...၊သား အိမ်ပြန်မယ် ပါး..၊ဖွေးကို ပြန်သွားခေါ်မယ်"

"ပါးပါ လိုက်ခဲ့မယ်.."
ကျောက်စက်သွေး ခေါင်းငြိမ့်ပြလိုက်ပြီး ကုတင်ပေါ်လှဲချ အနားယူလိုက်သည်။ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့ တဒိတ်ဒိတ်ခုန်နေတဲ့ သူ့ရင်ခုန်သံက ပုံမှန်ထက် ပိုကျယ်နေသယောင်။ သူမလိမ်ပါဘူး...သူနဲ့့ ပေါင်းစပ်ထားတဲ့ alphaဟာ ရာဇ်ဖြစ်ပြီး ဖွေးလေးက သူတို့ရဲ့ ရင်သွေးဆိုတာကို သိရတော့ ရင်တစ်ခုလုံး နွေးထွေးသွားတယ်ဆိုတာ။ သူအခုထိ ရာဇ်ကို မေ့မရဘဲ ချစ်နေသေးတယ်ဆိုတာ...။ သူ့အမိမြေကို ပြန်မယ်၊ ဖွေးကို ပြန်ခေါ်မယ်...ပြီးတော့ သူ့ကိုရောပေါ့..။

"ကျွန်တော်ပိုင်ဆိုင်သမျှကို ပြန်ယူချိန်တန်ပြီမမ၊ မမတောင် ကျွန်တော့်အပေါ် မညှာတာမှတော့ ကျွန်တော့်အပိုင် ကျွန်တော်ပြန်ယူမှာကိုလဲ မမစိတ်မဆိုးသင့်ဘူး"

.......

ဆွေးနိုးလာတော့ သူမတစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေကာ သူမဂလင်းတွေကလည်း ဖူးယောင်ပြီး တော်တော်လေးကို ပျက်စီးနေသကဲ့သို့ နာကျင်လို့နေသည်။ သူမဘေးမှာတော့ အိပ်ရာလွတ်နေကာ အပြင်ဖက်‌ဆီမှာ ဆန်ပြုတ်နံ့နှင့်အတူ ငရုတ်ကောင်းနံ့က အခန်းတွင်းထိသို့ ပျံ့လွှင့်လို့နေသည် ။

I Need You ( Completed)Tempat cerita menjadi hidup. Temukan sekarang