26

5.3K 299 11
                                    

Unicode
********

ဖြတ်ခနဲ ပွင့်ဟလာသော မျက်ဝန်းတစ်စုံဟာ အံ့အားသင့်မှုတွေ ပြည့်နှက်လျက်။ရင်းနှီးနေတဲ့ သူ့အခန်းကို ကြည့်ရင်း ရာဇ် အသက်ရှူရန်ပင် မေ့လျော့လို့။

""တောင်းပန်ပါတယ် ရာဇ်၊ သစ်ခက်သွားတော့မယ် ၊စိတ်မကောက်ပါနဲ့နော်၊ သစ်ခက်အလုပ်က သတင်းထောက်တွေကို ကြောက်နေရတဲ့ အလုပ်ဆိုတာ သိတယ်မလား.."

အသံနှင့်အတူ ရင်းနှီးနေသလို အနည်းငယ် စိမ်းသက်နေသော သစ်ခက်ဆွေးရဲ့ pheromone အနံ့တွေက သူ့နှာခေါင်းထဲ တိုးဝင်လို့လာပြီး ပါးပြင် တစ်ဖက်က နွေးခနဲ ဖြစ်သွားသည်။

သစ်ခက်ဆွေးက သူမ အိတ်ကိုဆွဲပြီး သူ့မြင်ကွင်းရှေ့က ပျောက်သွားသည့်တိုင် ရာဇ်ဟာ ငေးကြောင်နေဆဲ.

"ငါ....ငါ သေသွားခဲ့ပြီ မဟုတ်လား.."

သူနဲ့ သစ်ခက်ဆွေးထံ ပြေးဝင်လာတဲ့ ကားတစ်စီးနှင့်အတူ သူဆေးရုံကုတင်ထက်မှာ သစ်ခက်ဆွေးရဲ့ ဝမ်းဗိုက်တွင်းက ကလေးကို ကယ်လို့ရခဲ့ရင် မိန်းကလေးမွေးပါက ရစ်နှစ်ထွေးလို့ ပေးပြီး ယောကျာ်းလေးမွေးပါက ရာဇ်စက်လို့ ပေးပေးပါရန် မှာကြားပြီး သူ သေဆုံးခဲ့တာကို ရှင်းလင်းစွာ မှတ်မိနေဆဲ။

"ဟ့.."

ရုတ်တရက် ပူထူလာတဲ့ အောက်ပိုင်းကိုကြည့်ပြီး အခုအဖြစ်ပျက်ဟာလည်း အစစ်မှန်ပင်။
"ငါ..အိမ်မက်မက်နေတာလား..၊မဟုတ်ဘူး..မဟုတ်နိုင်ဘူး၊ အိမ်မက်က အဲ့လောက် မစစ်မှန်နိုင်ဘူး.."

ပြောပြီး သူ့ပါးကို သူ ပြင်းစွာ ရိုက်လိုက်တော့ ခေါင်းတစ်ခုလုံး ကြည်သွားပြီး သူ့ကိုယ်သူ ပြန်လည်မွေးဖွားလာခဲ့တယ်ဆိုတာကို လက်ခံနိုင်သွားတော့သည်။

"ပြန်လည်မွေးဖွားတာလား...၊ ဘာအတွက်လဲ..."

သူဟာ ဘာကြောင့်များ အတိတ်သို့ နောက်ကြောင်းပြန် ပြန်လည်မွေးဖွားလာရပါသနည်း...။ onlineပေါ်က ပေါက်ကရဝတ္ထုတွေလို သူ့အမှားတွေကို ပြင်ဆင်ဖို့လား။ သူကတော့ သူ့ကိုယ်သူ ဘယ်နားမှ မှားခဲ့တယ်လို့ မထင်။

ခဏလေး...။ ပြန်မွေးဖွားလာတယ်ဆိုတော့...သူ ဘယ်ကာလ အပိုင်းခြားကို ရောက်နေခဲ့တာလဲ..။ ခဏက ‌သစ်ခက်ဆွေး ပြောသွားတဲ့ စကားတွေကို ပြန်စဉ်းစားမိတော့ ခေါင်းနားပန်းကြီးသွားပြီး အိပ်ရာပေါ်ကနေ ငုတ်တုတ်ထထိုင်မိသည်။ ဒီညက အရာအားလုံးရဲ့ အစ ...။ အတိတ်တုန်းကလို နာကျင်စရာတွေ မဖြစ်ရလေအောင် ကံကြမ္မာက သူ့ကို ဒီနေ့အတိကျမှာပင် ပြန်မွေးဖွားခွင့် ပေးလာခဲ့သည် ထင်ပါရဲ့။

I Need You ( Completed)Where stories live. Discover now