36

3.2K 131 4
                                    

Unicode
**********

"မင်း လက်ထပ်လို့ မရဘူး ကျောက်စက်သွေး မင်းလက်ထပ်လို့ မရဘူး"
ရုတ်ချည်းဆိုသလို သူ့ကို အတင်းဆွဲကာ ရာဇ်နဲ့ ဝေးရာသို့ ဆွဲခွာလိုက်ကာ အော်ဟစ်လာသော ပင်လယ်ပြာ။
"အကို ဘာတွေပြောနေတာလဲ"
"မင်းသူနဲ့ လက်ထပ်လို့မရဘူးသူက မင်းအမ ယောကျာ်း ၊ မင်းအမယောကျာ်းကို မင်းယူလို့မရဘူး"
ရာဇ် မျက်နှာပျက်သွားပြီး
"ပင်လယ်ပြာ မင်းမလွန်လာနဲ့ ၊ သစ်ခက်ဆွေးနဲ့ ငါ လမ်းခွဲခဲ့တာကြာပြီ၊ ဘာပတ်သတ်မှုမှ မရှိတော့ဘူး ၊ ပြီးတော့ သစ်ခက်ဆွေးရဲ့ လက်ရှိချစ်သူက မင်းမလား"
"ဟီးဟီး မင်းမသိချင်ယောင်ဆောင်မနေနဲ့ ၊ မင်းနဲ့ သစ်ခက်ဆွေးနဲ့ လက်ထပ်ပြီးလို့ ကလေးတောင် နှစ်ယောက်ရနေပြီမလား။ တစ်ယောက်က ပန်းမြတ်ဖွေး"

ရာဇ် မိုက်ခနဲ ဖြစ်သွားပြီး မျက်လုံးပြာသွားကာ
"မင်း ဘယ်သူလဲ"
"ငါလား မင်းလာခဲ့တဲ့ နေရာကနေ မင်းလိုပဲ ရောက်လာသူ တစ်ယောက်လေ"
ကျောက်စက်သွေး ငေးကြောင်ကြည့်နေရင်း ခေါင်းထဲ ထိုးကိုက်လာကာ သတိလစ် လဲကျသွားတော့သည်။ ရာဇ် မဖမ်းလိုက်နိုင်ခင်မှာပင် ပင်လယ်ပြာက လဲပြိုလာတဲ့ ကျောက်စက်သွေးကိုယ်ကို စီးကြိုဖမ်းလိုက်ကာ သူ့ရင်ခွင်ထဲ ဖက်ထားရင်း
"ကလေး ကိုယ်လာပြီ အရင်လို ကလေးကို နာကျင်ခွင့်မပြုတော့ဘူး ။ သူနဲ့ အဝေးကို ခေါ်သွားပေးမယ်"
ရာဇ် ပင်လယ်ပြာကို တွန်းထုတ်လိုက်ပြီး ကျောက်စက်သွေးကို ပွေ့ချီလိုက်ကာ
"အစောင့်တေွ သူ့ကို မောင်းထုတ်လိုက်"
ရာဇ် အမိန့်ကြောင့် ဝန်ထမ်းတွေရောက်လာပြီး ပင်လယ်ပြာကို ဆွဲထုတ်သွားတော့သည်။ သို့တိုင် ပင်လယ်ပြာရဲ့ အသံတွေဟာ ကျယ်လောင်စွာ ထွက်ပေါ်လာနေဆဲ။
"မင်း လူယုတ်မာ ၊ အမကိုရော မောင်ကိုပါ အလွတ်မပေးချင်တဲ့ ကောင် ။ မင်းကြောင့် မင်းကြောင့် သူတို့ မိသားစု ပျက်စီးခဲ့ရတာ မင်းကြောင့် လူယုတ်မာ"

လူမမြင်ရတော့သည့်တိုင် အသံဟာ ပဲ့တင်ထပ်လျက်။ လူတွေဟာ ပေါ်တင်တော့ မမေးရဲကြပေမယ့် မျက်ဝန်းတွေဟာ စူးစမ်းမှု အပြည့်ဖြင့်။
ရာဇ် ကျောက်စက်သွေးကို ပွေ့လျက်သားဖြင့် လူတွေထံ ဦးညွတ်လိုက်ကာ
"တောင်းပန်ပါတယ် အမှတ်မထင်ဘဲ အနှောက်ယှက်ပေါ်လာတာမလို့ ဒီပါတီပွဲပြီးပါပြီ ။နောက်မှ တစ်ဝိုင်းပြန်ဖိတ်ကျွေးပါ့မယ်"
ပြောပြီး ထွက်လာခဲ့လိုက်သည်။ ဦးထွဋ်ရှိန်လည်း သူ့မိတ်ဆွေတွေဖက် ပြုံးပြလိုက်ပြီး သားမက်နှင့် သားဖြစ်သူနောက်ကို လိုက်သွားလိုက်သည်။ ပါတီရှင် မိသားစု မရှိမှတော့ ည့်သည်တွေလဲ အလျိုလျိုထပြန်ရန်သာ ကျန််တော့သည်။

I Need You ( Completed)Where stories live. Discover now