37

3.2K 118 0
                                    

Unicode
********

"ပါးပါး ဘာတွေပြောနေတာလဲဟင် ၊ ဖွေးကရောဘယ်သူလဲ၊စက်ကရော ဘာကြီးတုန်း ။ ဘာကိုနို့တိုက်ရမှာ"
ဦးထွဋ်ရှိန် သားငယ်ကို အသာသက်ပျင်းချရင်းကြည့်ကာ
"ထပ်ဖြစ်ပြန်ပြီ"
ထိုစဉ်ပင် 7နှစ်ခန့်ရှိလောက်ပြီထင်ရသော ဆံပင်ဂုတ်ဝဲလေးကို စကုတ်လေးစီးကာ မျက်လုံးမျက်ခုံးကောင်းကောင်းဖြင့် ချစ်စဖွယ်ကလေးကလေးက ကျောပိုးအိတ်လွယ်လျက် ဝင်လာပြီး
"ပါးရေ ဖွေးကျောင်းသွားတော့မလို့ ၊ စက်လေးရေ မမကျောင်းကျောင်းသွားပြီနော် ၊ ပါးပေါ် သိပ်မဆိုးနဲ့ လိမ်လိမ်မာမာနေခဲ့နော်။ ပါးရေ အာဘွား"

စကားတွေ တန်းစီပြောသွားကာ သူ့ကို လာနမ်းပြီး သူ့ပါးပါးကို လက်ဆွဲပြီး ထွက်သွားပါသော ကလေးမလေး။

"ဟမ် ဟမ် ဟမ် ။ ဘာတွေဖြစ်ကုန်တာလဲ"
သူကြာကြာ မစဉ်းစားလိုက်ရ ၊ သူ့ကို တဖတ်ဖတ်ပုတ်ကာ
"ပါး ပါး စက်စက် ဗိုက်ဗိုက် ဆာဆာ ၊ ဆာဆာ မံမံ ဆာဆာ"

ပြောပြီး သူ့ဗိုက်လေးကို ကိုင်ပြနေတာကြောင့် ကျောက်စက်သွေး သဘောပေါက်သွားကာ ကလေးကိုပွေ့ပြီး ခဏက ပါးပါးပြောထားတာ သေချာပြန်တွေးပြီး စမ်းတဝါးဝါးဖြင့် အခန်းထဲက ထွက်လာလိုက်သည်။ထမင်းစားခန်းကိုတွေ့တော့ စားပွဲပေါ် စားစရာတွေ အသင့်ပြင်ထားတာကြောင့် ကလေးကိုပွေ့ပြီး သီးစုံဆန်ပြုတ်လို အရာကို ခွံ့ကျွေးလိုက်သည် ။ ကလေးကတော့ သူ့ရင်ခွင်ထဲ လက်လေးတရမ်းရမ်း ခြေလေးတရမ်းရမ်းဖြင့် အစာကိုပျော်ရွှင်စွာ စားလို့။

"လူလဲမကြောက်တတ်ဘူးနော် ပေါက်စလေး ၊ ငါမင်းအရွယ်ကဆို မမနဲ့ ပါးပါးကလွဲပြီး ဘယ်သူ့နားမှ အကပ်မခံဘူးတဲ့ ပါပါးပြောပြတာ"
ပြောရင်း ကလေးကိုအစာခွံ့နေတဲ့ သူ့လက်တွေက ရုတ်တရက် ရပ်တန့်သွားရသည်။ သူ့အိမ်မက် သူ့အိမ်မက်ထဲတွင် ရာဇ်ကမမလက်ကိုတွဲကာ သူ့ကို ကြည့်ပြီး ပြောခဲ့တာက ငါတို့ အချစ်သက်သေ သမီးရော သားပါ ရှိနေပြီ ဟုပင်။ ဒါဆိုဒီကလေးတွေက မမနဲ့ ရာဇ်ရဲ့ ကလေးတွေလား။
အတွေးတွေကြောင့် လက်က တဆတ်ဆတ်တုန်ခါလာပြီး ကလေးဖြည့်စွတ်စာတွေက စားပွဲပေါ်သို့ ဖိတ်မှောက်ကုန်တော့သည်။
နှစ်ယောက်လုံးက ရာဇ်နှင့် ချွတ်စွတ်တူနေကာ သူတောင် သူ့ရင်ခွင်ထဲက ကလေးကို ရာဇ်လို့ ထင်ခဲ့မိသေးသည်လေ။ သူထင်သလို ရာဇ်အငယ်လေးမဟုတ်ဘဲ မမနှင့် ရာဇ်ရဲ့ ကလေးတဲ့လား။

I Need You ( Completed)Where stories live. Discover now