40

3.8K 138 4
                                    

Unicode
********

"ရာဇ် "
"အင်း အချစ်၊ ကိုယ်ပါ"
"ခေါင်းရော"
"ဟမ်"
"ဟဟ စတာပါ၊ ယောကျာ်းကို ကြည့်ရတာ မျက်မှောင်ကြီး ကြုတ်ပြီး ရုပ်ဆိုးလွန်းလို့ ရီအောင် စလိုက်တာ၊ ပြုံးပြပါဦး "

ရာဇ် ထိုတော့မှ သက်ပြင်းချကာ သွေးရဲ့ လက်ဖျားကို အသာကိုင်ပြီး နမ်းလိုက်တော့သည်။

"အချစ် မေ့နေတာ ၁ရက်လုံးလုံးရှိပြီ ကိုယ်ဘယ်လောက် စိတ်ပူသွားလဲ သိလား၊ ကိုယ့်ကို စနိုင်သေးတယ်ပေါ့"
ကျောက်စက်သွေး ရာဇ်လက်ကို ပြန်‌ဆွဲယူလိုက်ပြီး သူ့ပါးထက်အပ်ကာ
"ကျွန်တော် ဘယ်ပဲရောက်နေနေ ခင်ဗျားရှိရာ အရပ်ကို အရောက်ပြန်ခဲ့မှာ။ ကျွန်တော့်ကို ယုံ"
"အင်း ဘယ်ဆီပဲ ရောက်ရောက် ကိုယ့်ဆီပြန်လာခဲ့၊ ကိုယ် မင်းကို လိုအပ်တယ် သွေး၊ ကိုယ့်ဘဝ ဆက်ရှင်သန်ဖို့ မင်းရှိမှ ဖြစ်မယ်"
"ဟဟ ယောက်ျား အနုယွ စကားတွေ အရမ်းတတ်လာတယ်"
"ချစ်မိသွားတဲ့ လူတိုင်း နူးညံ့တတ်သွားကြတဲ့ပဲလေ အချစ်ရဲ့"

"ဪ ဒါနဲ့ ကျွန်တော် ဘာဖြစ်သွားတာလဲ"

ရာဇ် မျက်နှာ ကွက်ခနဲ ပျက်သွားကာ ငြိမ်ကျသွားတော့သည်။ ကျောက်စက်သွေး လန့်သွားပြီး
"ဘာလဲ ကျွန်တော် သေရတော့မှာလား၊ ကင်ဆာလား၊ ဘယ်နှလပဲ အချိန်ကျန်တော့တာလဲ"

"အရူးလေး "
ရာဇ် သွေးရဲ့ ဆံပင်ကို ဖွပစ်ကာ
"ကိုယ် စနေတာ၊ ဘယ်သူမှ သေစရာမလိုဘူး"
"ဟာဗျာ၊ လန့်သွားတာပဲ"
"ဟဟ ကိုယ့်အချစ်လေး ဘာဖြစ်သွားလဲဆိုတော့.........ဟောဒီ ဗိုက်ဗိုက်လေးထဲ အသက်ရှူသံ အပိုလေးဝင်နေလို့တဲ့"
"ဟင်"
ရုတ်တရက်ဆိုတော့ ကျောက်စက်သွေး သဘောမပေါက်စွာ ကြောင်နေမိသည်။ နောက်မှ ....နောက်မှ..

"ရာဇ်....ယောကျာ်း...ခင်ဗျား...ခင်ဗျား ပြောချင်တာက ကလေး...၊ကျွန်တော် ကိုယ်ဝန် ရှိနေတာလို့လား"
"အင်း ကိုယ့်အချစ်က ကလေးလေး လွယ်ထားရပြီ"

ကျောက်စက်သွေး မျက်ဝန်းထဲ ရာဇ်နဲ့ တစ်ပုံစံထဲ တူတဲ့ ကလေး ၂ယောက်ဟာ တန်း ဝင်လို့လာသည်။

ထိုစဉ်ပင် ဆရာဝန် ရောက်လာပြီး သူ့ကို စမ်းသပ်ကာ အန္တရာယ်မရှိ၊ စိတ်ချရပြီဆိုမှာ ဆေးရုံဆင်းခွင့် ပေးလိုက်တော့သည်။

I Need You ( Completed)Where stories live. Discover now