Unicode
"အီးဟီး!!"
မနက်လင်းတာနဲ့ ထုံစံအတိုင်း ကီးကီးလေငိုသံကဆူညံ့လို့ နေပါတော့သည်။ ကီးကီးအမေလည်းအောက် မီးဖိုးခန်းကနေ ကီးကီးအခန်းအပြေးတတ်သွားရသည်။
"ကီးကီးလေး နိုးနေတာလား ငိုနေပြန်ပြီ ကြည့်ပါအုန်း"
ဂျောင်ကတော်လည်း ကီးကီးအိပ်ယာသေးသေးလေးပေါ်ထိုင်လိုက်ပြီး ကီးကီးကို ပေါင်ပေါ်ပွေ့ချီလိုက်သည်။
"မားမား အီးဟီး လိမ်တယ် ကီးကီးနောက်နေ့ကချပြီး အိပ်တော့ဘူး အီးဟီး"
"ကီးကီးရယ် အခုကတည်းကတစ်ယောက်တည်းအိပ်တတ်အောင်နေရမယ်လေ မားမားတို့နဲ့အိပ်လို့ဘယ်ဖြစ်မလဲ မငိုနဲ့တော့နော် မျက်လုံးတွေရဲကုန်မယ်"
"မားမား ကီးကီးဘာဖြစ်တာယဲ ဟောဟဲ"
ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိတဲ့ ထယ်ကမောနေပုံကပြေးလာလို့ထင်တယ် ဟောဟဲ ဟောဟဲနဲ့
"ဟင် ထယ်ဘယ်လိုရောက်လာတာလဲ"
"ကီးကီးငိုသံကြားလို့ အိမ်ကနေဝှီးဆိုပြီးပြေးလာရတာ ကီးကီးကဘာလိုငိုနေတာယဲ"
"အော် ထယ်ရယ် ကီးကီးကမနက်ဆိုအဲ့တိုင်းငိုနေကျထယ်ရဲ့ ကီးကီးလေးက သူတစ်ယောက်တည်းမအိပ်ချင်လိုငိုနေတာလေ"
"ဟင် ဟုတ်ယားကီးကီး"
ထယ်ကကီးကီးနားသွားကာ လက်လေးဆုပ်ကိုင်ပြီးမေးလိုက်တယ်။ ကီးကီးက ငိုရင်း ခေါင်းတွေငြိမ်ပြလိုက်တယ်။
"အာ့ဆို ထယ်နဲ့လာအိပ်ရို့ရတယ် ငိုနဲ့ တိတ်တိတ် မွ.."
သူမားမားပေါ်ကကီးကီး ခေါင်းကိုပုတ်ပြီ ရဲနေတဲ့ပါးလေးကို မွစိပေးလိုက်ပါသေးတယ် ဂျောင်ကတော်တောင်မပေးရသေးခင် ထယ်ကနမ်းသွားပါတော့သည် ။
ဂျောင်ကတော်လည်းအရင်လိုဆို ထယ်ကိုအမြင်မကြည်ဖြစ်မိမှာ သို့သော် သူရှေ့ကကလေးနှစ်ယောက်အရမ်းချစ်ဖို့ကောင်းနေလို့ ပြုံး၍သာကြည့်နေတော့သည်။
"ထယ်လေး မနက်စာစားခဲ့ပြီလား "
"စားခဲ့ပြီ မားမား"