Unicode
"ထယ် မင်းသဝန်တိုတာငါဘယ်နှစ်ရက်လောက်ချော့ရအုန်းမှာလဲ ငါစိတ်မရှည်တော့ဘူး"
ဒီနေ့ သူမှာ ခါးနာရတဲ့ထည် တစ်နေ့လုံးလိုက်ချော့နေရတာ အဲ့ဆရာဝန်ကိုချောတယ်ပြောမိတာ အဲ့လောက်ကြီးကောက်စရာလား
ကီးကီးသိပ်စိတ်ရှည်တဲ့သူမဟုတ်"နောက် ဘယ်သူကိုမှကိုယ့်ထက်ချောတယ်မပြောရဘူး ကိုယ်ထက်လည်းဂရုမစိုက်နဲ့
တက္ကသိုလ်ရောက်ရင်လည်း ကိုယ်အနားဘဲနေ
လာကြောင်ရင် ဖျက်သာရိုက်ပစ် ဘယ်လိုလုပ်ရမလဲ တက္ကသိုလ်ကျ ကီးကီးကိုဘယ်လိုစိတ်ချရပါ့မလဲ ""ဟာ ထယ်ရှိနေတာ ဘယ်သူကလာကြောင်ရဲမှာလား မင်းဘဲကျောင်းထဲကအကုန်သတ်မလိုဖြစ်နေပြီး"
"တက္ကသိုလ်ဆိုပိုဆိုးတယ် "
"ဟွန့် ထယ်ကလည်းမင်းရှိနေတာဘဲကို ဘာတွေလာရစ်နေတာလဲ ပြီးတော့ ကီးကို ကီးကီးလို့မခေါ်ပါနဲ့လား အိမ်နာမည်ကြီး"
"ဘာလို့လဲ ကီးကီးလို့ခေါ်လာတာ ကြာလှပြီ"
"ကီးကီးလို့ခေါ်ရအောင် သုံးနှစ်သားလည်းမဟုတ်တော့ရှက်စရာကြီး ကျောင်းကြီးမှာ ငါကိုလိုက် စ ရင်ဘယ်လိုလုပ်မလဲ"
"ဘယ်သူ စ မှာလဲ စတဲ့သူအကုန်ရိုက်ချိုးပစ်မယ်"
"တော်ပြီ မင်းလုပ်ချင်တာသာလုပ်တော့ဘာမှမပြောတော့ဘူး"
ဘဲနှုတ်ခမ်းနဲ့ကောင်လေးကိုချော့ရပြန်အုန်းမယ်
"ကီးကီးကလဲ စိတ်မကောက်ပါနဲ့ ကီးကီးလို့ဘဲခေါ်လာတာ ပြောင်းမခေါ်တတ်ဖူး နော် ကီးကီးလေ"
"ထယ်~~~"
"ပြောပါ "
"ဟီး ကီးပြောစရာရှိတယ်"
"ပြောဆို"
"ဟွန့် ငြိုငြင်တယ်ပေါ့"
"အိုက်ဂူး ဘာလို့ငြိုငြင်ရမှာလဲ ပူတူးတူးလေး ချစ်ဆုံးလေး"
ပြောလည်းပြော နှာခေါင်းတွေဆွဲ ပါးတွေဆွဲ သူတအားကဲ
"နာတယ် တအားမဆွဲနဲ့"
"ကီးကီးပါးလေးက နူ့ညံ့တွေတာကို အူမွ အိုက်ဂူးနီရဲသွားပြီ အသဲယားလိုက်တာ"
![](https://img.wattpad.com/cover/297538930-288-k327001.jpg)