KiKi - 7

996 137 38
                                    

Unicode

တစ်နေ့လုံးကီးကီးနဲ့လျှောက်လည်ပြီးအပြန်

"ရောက်ပြီ အာ့ဘာလုပ်တာလဲ.."

"‌သက်သေပြတာလေ.."

"ဘာသက်သေလဲ အာချချ"

"ဟောဗျာ သူဘဲ အပြန်အိမ်ထဲဂုတ်ပိုးပြီးခေါ်သွားရမယ်ဆို"

"ဂုတ်ပိုးတာ ကျောပေါ်ထမ်းခိုင်းတာလေ ပခုံးကြီးပေါ်တင်ရလား ပြုတ်ကျသွားမယ် ချပေးဆို!!"

"ပြုတ်မကျပါဘူး ကိုယ့်အားကိုမယုံဘူးလား မကျဘူးစိတ်ချ အိမ်ထဲရင်မဟုတ်ဘူး အခန်းထဲအထိပါခေါ်သွားနိုင်တယ်"

"အား လူဆိုးကောင် ချပေးဆို အစာအိမ်တွေဇောက်ထိုးလန်ကုန်ပြီလားမသိဘူး "

"ဟားဟား..."

ကီးကီးခများ ကလေးဖမ်းသမားကြီးရဲ့ ပခုံးပေါ်ပါသွားလေရဲ့ အရူးကြီးကတော့ရီမောလို့ လူဆိုးကြီးကျောပြင်ကိုတစ်ဘုန်းဘုန်းရိုက်နေရှာသော ကီးကီလေး မတတ်နိုင်တဲ့အဆုံးအခန်းထဲပါသွားလေတယ်

"မားမားရေ ကယ်ပါ"

"မားမားမရှိဖူး.."

"ဘာ!!!"

"အော်လိုက်တာ မသိရင် ထယ်လူရုတ်မာကြီးကျ"

"ဟုတ်တာဘဲ ထယ်ကကီးကိုအနိုင်ကျင့်တယ် ချတော့ ဟွန့်"

"ချမှာပေါ့ ဘယ်လို့အဲ့လောက်လော"

"ရား ထယ်!!"

"ဟားဟား မစတော့ဘူး မားမားဖုန်းဆက်တယ် အခုအိမ်မှာမရှိဖူးတယ်ခဏနေရောက်လာလိမ့်မယ် ငယ်ငယ်ကလို့တစ်ယောက်တည်းနေရမှာကြောက်ရင်တူတူနေပေးမယ်လေ"

"သွားသွား မင်းကိုပိုကြောက်တယ် ထွက်သွား"

"ဟားဟား ဟုတ်ပါပြီချစ်လေးရယ် "

"အား နှာဘူးကောင် ထွက်ထွက် "

အခန်းထဲကတစ်အားနှင်ထုတ်နေသူ ကိုယ့်အသဲလေးရယ်ပါ ဘယ်နဲ့ငယ်ငယ်ကတော့ ကီးကီးကြောက်လို့ထယ်နေပေးနဲ့ ခုကျနှင်လွတ်နေတယ် ကိုယ့်ရုပ်ကကြောက်စရာကောင်းနေရင်တစ်မျိုးပေါ့ အသက်မပြည့်သေးလို့ပေါ့နော် အဲ့အရုပ်လေးကို အပိုင်သိမ်းချင်နေလှပြီ တစ်မျိုးမတွေးနဲ့ ပိုင်ဆိုင်ချင်ယုံဘဲ ဟွန်း

KiKi  {Complete}Where stories live. Discover now