One month later.......
"ထယ် မင်္ဂလာဖိတ်စာဒဇိုင်းကြည့်ရင် ကီးကီးကိုခေါ်နော်"
"ကိုယ်သတို့သားလောင်းလေးနဲ့အတူတူရွေးမှာပေါ့ "
"ဟီး အာ့ကြောင့်ထယ်ကိုချစ်နေတာ မင်္ဂလာ၀တ်ဆုံသွားရွေးရအောင် "
"ခဏနေပါအုန်း လက်စွပ်အရင်သွားကြည့်မယ်လေ"
"အင်းအင်း သွားကြည့်မယ်"
..........
"ကီးကီး!!"
ဘယ်လိုတောင်တိုက်ဆိုင်မှုကြီးလဲ ဆိုင်ထဲ၀င်မလို့ရှိသေး Hanaနဲ့ဆုံ
မုန်းလိုက်တာ စိတ်မလုံခြုံသလိုခံစားနေရတာ ဘာလို့ငါတို့နဲ့လာပတ်သတ်နေရတုန်းလဲ။"Hana? မတွေ့တာတောင်ကြာပြီး အခုတွေ့တာနဲ့အတော်ဘဲ"
"နင်တို့ဘယ်သွားကြမလို့လဲ "
"ထယ်နဲ့ကီးကီး မင်္ဂလာဆောင်တော့မယ်လေ အာ့ လက်စွပ်ရွေးမို့ ဒီလာတာ Hanaကိုဖိတ်စာရရင်ပို့လိုက်မယ်လေ"
သိသိသာသာပျက်သွားတဲ့ သူမမျက်နှာ သူမဘာတွေကြံစည်နေတာလဲ။
"၀မ်းသာပါတယ် အာ့ဆိုငါသွားတော့မယ် "
...
"ထယ် Hanaကဘာဖြစ်သွားတာလဲ "
"နေမကောင်းလို့နေမှာ ထားလိုက်လက်စွပ်၀ယ်ရအောင်"
နာရီ၀က်လောက် ဆိုင်ကလက်စွပ်တွေထိုင်ကြည့်ပြီး ကီးကီးကလက်စွပ်ငါးကွင်းကိုတော်တော်သဘောကျနေလေပြီ ဘာရွေးရမှန်းတောင်မသိတော့။
"ထယ် ဘာယူရမလဲလို့ အကုန်လှနေတာ"
"ဒါလေးဆိုရင်ရော.."
ရိုးရိုးလေးနဲ့ပုံရှင်းတဲ့တစ်ကွင်းကိုရွေးလိုက်ကြသည်။ ဒါလေးကိုသေချာတန်ဖိုးထားရမယ် ။
"ထယ်ကရွေးတတ်လိုက်တာ ကီးကီးလည်းကြိုက်တယ်"
မင်္ဂလာဆောင်ရမှာမို့အရမ်းပျော်နေတဲ့ကီးကီးတစ်ယောက်အပျော်လွန်ပြီး ဆိုင်ထဲလူရှိတယ်သတိမထား ထယ်ကိုဖတ်နေပြန်သည်။
၀န်းထမ်းတစ်ချို့မှ..
"ဟယ် ဒီအတွဲကမင်္ဂလာဆောင်တော့မဲ့အတွဲတဲ့ ချစ်စရာလေး အသဲယားလိုက်တာ"