KiKi - 25 (final)

891 98 37
                                    

Unicode



မနက်ဖြန် တစ်အိမ်လုံးရဲ့အသဲကျော်လေး မွေးနေ့မို့ အိမ်မှာလက်ဆောင်တွေပြင်နေရသည် ဒါအပြင့် သူ့ဖွားဖွားတွေ တုန်နေအောင်ချစ်တတ်မှန်းသိလို့ လက်ဆောင်ကြီးကြီးရအောင် သွားဖားနေတာ တစ်နေကုန်ပါဘဲ။

ကီးကီးတစ်ယောက်တည်း ပေါက်စလေးနဲ့ နေတိုင်းမတည့်ကြပေမယ့် မွေးနေ့မှာကိတ်ကိုယ်တိုင်လုပ်ပေးမယ်ဆိုပြီး ပါးပါးရော ဒယ်ဒီပါ ကိတ်မုန့်လုပ်နည်းတွေ ကြည့်ပြီး ကိတ်မုန့်ဖုတ်ကြပါတယ် မီးဖိုချောင်တောင် လှည့်မကြည့်တဲ့ သူ့ခင်ပွန်းလေးက ခုတော့ ဂျုံမှုန့်တွေပေပွသည်အထိ ကိတ်မုန့်အတူတူလုပ်ပေးလို့ မီးဖိုချောင်တစ်ခုလုံးလဲရှုတ်ပွနေပေမယ့် တူတူပျော်ရတဲ့အချိန်လေးမို့ အပြစ်မမြင်နိုင်။

မလုပ်သဖူး မီးဖိုချောင် ကိတ်ဝိုင်းလုပ်တဲ့ အကြောင်းက...

"ထယ် ဒီပစ္စည်းတွေက"

ကုန်တိုက်မှာ ‌ကိတ်အတွက်လိုအပ်‌တာတွေအပြင် အိမ်နီးချင်းတွေလောက်ဘဲ လုပ်မဲ့ မွေးနေ့ပွဲအတွက်ပစ္စည်းတွေဝယ်လာတာမြင်လို့ အထူးအစမ်းတွေလုပ်မေးနေသူ အခုအချိန်ကီးကီးပေါက်စကလည်း အဖွားတို့အိမ်အပူကပ်နေလေသည်။

"ထယ် ဒါတွေက..."

အကုန်လိုက်မွှေကြည့်ပြီး ကိတ်မုန့်လုပ်ဖို့ပစ္စည်းအစုံ လိုအပ်တာအသုံမြင်တော့ မျက်မှောင်ကျုန့်ကာမေးလေသည်။

"ကိတ်ကိုကိုယ်တိုင်လုပ်မလို့လေ ချစ်ရဲ့..."

"ဘာ!! ထယ်ကလုပ်တတ်လို့လား"

"လုပ်နည်း YouTube ကရှာထားတယ်လေ
ကိုယ့်ကိုဝိုင်းကူပါအုန်း ပစ္စည်းတွေအများကြီးနေရာချရမှာ "

"မကောင်းဖူး ထယ်မကောင်းဖူး ငါ့ကျတစ်ခါမှ မလုပ်ပေးဖူးဘဲနဲ့ သူ့သားကျလုပ်ပေးတယ် ကီးကီးသိလိုက်ပါပြီ ထယ်က ဟိုပေါက်စကိုပိုချစ်တာ ကီးကီးကို မချစ်တော့ဖူး .."

"ဟောဗျာ ဒီကောင်လေးကတော့ ရစ်စရာမရှိ လာရစ်နေပြန်ပါပြီ သားတောင်4နှစ်ပြည့်ပြီ သားထက်ဆိုတုန်းလားပါးပါးက "

ဆူပုပ်နေတဲ့ ရှဉ့်ပုပ်လေးနားသွားကာ ချော့မြူလိုက်‌သည် ‌ကီးကီးပေါက်စနဲ့ သူနဲ့ သူ့ကိုမချစ်ဖူးတောင်ပြောနေပါပြီ အမြဲတမ်း ကလေးနဲ့လိုက်လု‌တာတောင် ဒီယောင်္ကျားလေးကိုဘဲအမြဲဦးစားပေးနေတာကို။

KiKi  {Complete}Where stories live. Discover now