Unicode
"အချစ်ရေ အထုတ်တွေလာစစ်ကြည့်လိုက်အုန်း အကုန်ပါပြီလား ဘာကျန်သေးလဲ"
"လာပြီ ထယ်....."
ဒီနေ့ ထယ်နဲ့ ကီးကီးတို့ ဟန်နီးမွန်းထွက်ကြမလို့လေ။
ကီးကီးတို့သုံးယောက်တည်း အေးဆေး ထွက်ကြမှာပေါ့။"အကုန်ပါတယ် ထယ်~~"
"အဆင်ပြေသွားပြီဆိုတော့ အိပ်ကြရအောင် မနက်လည်းအစောကြီးထရအုန်းမှာမို့လား...."
"အင်း~~ "
ကီးကီးငယ်ကတော့ လုပ်စရာရှိတာမလုပ်ခင်ထဲက သိပ်ထားပြီးပြီမို့ တိတ်ဆိတ်နေသည်။မဟုတ်ရင် တစ်အိမ်လုံး သူ့အသံနဲ့ဆူညံနေမှာ။
ပြီးတော့ ဟန်းနီးမွန်းက ဘယ်ထွက်မှာလဲဆိုတော့ ပင်လယ်ဘက်ပါဘဲ။
ကြင်စဦးတိုင်းက ဟန်နီးမွန်းဆို ပင်ဘယ်ဘက်ဘဲထွက်ကြတယ်မို့လား။ အရမ်း ရိုမန်တစ်ဆန်တယ်လေ ။
ဒါပေမယ့်အရှုတ်ထုတ်လေးက မပါမဖြစ်ပါရသေးတော့ နှစ်ယောက်တည်းတော့မသာယာရတော့ဘူးပေါ့ ။__________________________________
ကားလေးတစ်စီးက လမ်းမကြီးပေါ့ ဖြေးဖြေးချင်းသွားနေတယ်။
သီချင်း လွင့်လွင့်လေးတွေနဲ့ ။
ဘေးက ကိုယ်ယောင်္ကျားလေးကလည်း သီချင်းလေးတစ်ညည်းညည်းနဲ့အော်လိုက်လာတာပေါ့။
သူ့ပေါင်ပေါ်က ကလေးလေးကလည်း ပထမဆုံး ခရီးထွက်ရချင်းဆိုတော့ ပျော်နေတယ်ထင်တယ် ဆူညံ့မနေတော့ သူ့ပါးပါးသီချင်းဆိုတာကြည့်လိုက် ကားမှန်ဖွင့်ထားတာမို့ လေတိုက်တာလေးကြည့်လိုက် ရှူခင်းတွေကြည့်လိုက်နဲ့ ငြိမ်နေတယ်။
ကားမောင်းရင်း အချစ်ဆုံးနှစ်ယောက်ကိုကြည့်ပြီးပြုံးမိပါတယ် သူတို့ပျော်နေကြတော့ကိုယ်ပါပျော်မိတယ်။"အရမ်းပျော်နေကြတယ်ပေါ့လေ....."
"ဟုတ်တယ်လေ ခရီးမထွက်တာဘယ်လောက်ကြာပြီလဲ ပြီးတော့ ကီးကီးတို့သုံးယောက်တည်းထွက်ရတာလေ အရင်ကဆိုမိသားစုလိုက်ကြီးမဟုတ်တော့လွတ်လပ်တာပေါ့.... နောက်ဆုံးတော့အိမ်ပိုင်ပြီကွ!!!"
"ဟားဟား~~"
သူ့အချစ်လေးဘယ်လောက်တောင်ပျော်နေလဲဆိုတာအသိအသာဘဲ ပင်လယ်ဘက်သဘောကျတဲ့ကောင်လေးက ပင်လယ်ဘက်ထွက်ရတော့ပိုတောင်ပျော်နေသေးသည်။

YOU ARE READING
KiKi {Complete}
Fanfictionချစ်စရာကောင်းသော ဖန်တီးမှုလေး VHOPE Start date - 8.1.2022 Last date - 4.10.2022