Unicode
ခြောက်နှစ်အရွယ်သို့....
"ကီးကီးနဲ့ထယ်ကညီလေးတွေကိုခေါ်ဆော့လိုက်အုန်းနော် တစ်ခုခုဆို မားမားတို့အောက်ထပ်မှာရှိတယ်ခေါ်လိုက်"
ဒီနေ့ မားမားတို့သူငယ်ချင်းအလည်လာတာ အမွှာလေးနှစ်ယောက်ပါလာတယ် သူတို့က ကီးကီးတို့ထက်တစ်နှစ်ဘဲငယ်ပြီး ယောင်္ကျားလေးနဲ့မိန်းကလေးဖြစ်တယ်။
"ဘာတိုင်းဆော့ကြမလဲ...."
ကလေး လေးယောက် ခေါင်းချင်ဆိုင် စဉ်းစားရင်း တိုင်ပင်နေကြတယ် ခဏအကြာတော့....
"တူတူပုန်းတိုင်းကစားကြမယ်"
Jaffဆိုတဲ့ကောင်ငယ်လေးက ထပြောတယ် အကုန်လုံးအပြန်အလှန်ကြည့်ပြီး ခေါင်းညိမ့်သဘောတူလိုက်ကြတယ်။
"အပေါ်ထပ်မှာကြိုက်တဲ့အခန်း၀င်ပုန်းရတယ် ဒါပေမယ့် လူကြီးတွေအခန်းတော့မပါဘူး "
ပုန်းစရာနေရာအတိအကျပြောပြီးဆော့ဖို့ပြင်ကြတယ်။
ကျောက်တုံး၊စက္ကူ၊ကပ်ကြီး ဆော့ပြီး ရှာရမဲ့သူကိုရွေးတယ်။
အမွှာနှစ်ယောက်ကလွတ်သွားပြီး ကီးကီးနဲ့ထယ်ဘဲပြိုင်ရတော့တယ်။"ငါ့အရှုံးပေးတယ် ငါရှာမယ် သွားပုန်းကြ"
"ဟင် ကိုကိုထယ်ကဘာလို့ ရှုံးပေးတာလဲ "
Juu ဆိုတဲ့ကောင်မလေးက မနေနိုင်စွာမေးလိုက်တယ်။
ဆော့နေကြသူတိုင်းက ထယ်ကကီးကီးကိုအမြဲအလျော့ပေးမှန်းသိကြပေမယ့် ဒီကလေးတွေကအခုမှခင်ကာစမို့မသိကြ။"ကီးကီးနဲ့မပြိုင်ချင်လို့ပေါ့ လျှာရှည်လိုက်တာပုန်းကြ ၁ကနေ ၃၀အတွင်းဘဲနော် "
"ဖြေးဖြေးရေနော် ကိုကိုထယ်..."
ထယ်နံရံကိုမျက်နှာမူပြီး ၁ကနေစရီတော့တယ် ၃၀အပြီးမှာ ကလေးတွေကိုလိုက်ရှာကြည့်တယ် ။
ကီးကီးအိမ်မို့နေရာတိုင်းသူသိနေပြီးသားမို့ရှာရတာမခတ်ပါ တွေးရင် တစ်မိနစ်တောင်မရှိသေးဘူး တံခါးနောက်မှလှုပ်စိလှုပ်စိလေး ဘယ်လိုသူကများတံခါးနောက်ပုန်းရသလဲဒီလောက်လွယ်တာကို....