KiKi - 15

656 94 27
                                    

Unicode


"ထယ်!! ဘာလို့ညကပြန်မလာတာလဲ ဟင့်"

အိမ်ထဲ၀င်လာတော့ သူ့ကိုမြင်တာနဲ့ပြေးဖတ်ပြီ ကလေး‌တစ်ယောက်လိုငိုပါတော့တယ် ဘာတွေလုပ်မိပါလိမ့် နေမကောင်းနဲ့ကောင်လေးကို တစ်ယောက်တည်းပစ်ထားခဲ့မိတယ်။

"မငိုပါနဲ့ ဘယ်လိုနေသေးလဲသက်သာရဲ့လား"

"ဘာကိုသက်သာတာလားလဲ ညကပစ်ထားခဲ့ပြီး ဟင့် ညကကီးကီးဘယ်လောက်တောင်ကြောက်နေလည်းထယ်မသိဘူးလား "

တစ်ယောက်တည်းအိပ်ရတာကြောက်တတ်တဲ့ကောင်လေး ညကအတော်ကြောက်နေရှာပါ ကျစ် ကင်ထယ်ယောင်းငါ့ကိုယ်ငါသာပြေးထိုးပစ်ချင်တယ်။

"မျက်လုံးတွေအစ်နေပြီ မငိုနဲ့တော့နော် "

"ကီး... ကီးက ထယ်ကီးကီးကို ထားသွားပြီထင်နေတာ ဟင့် "

"ထယ်တောင်းပန်ပါတယ်နော် မနေ့ညကအရမ်းမူးပြီး အဲ့မှာအိပ်ပျော်သွားလို့"

"ဟင့် ဘာလို့မူးအောင်သောက်တာလဲ ကီးကီးတစ်ယောက်တည်းထားခဲ့ပြီ"

"ကိုယ်မှားပါတယ် ကလေးရယ် အခုဘာလုပ်ပေးရမလဲ ကီးကီးအပြစ်ပေးချင်လဲ ကိုယ်ခံပါမဲ့"

"ဟင့် ဒီတိုင်းဘဲနေချင်တယ်"

လူကိုတအားဖတ်ထားကာ ရင်ဘတ်မျက်နှာအပ်ပြီး တစ်ရှုံ့ရှုံ့နဲ့ အငိုမတိတ်နိုင်သေး

"အင့် ဘာလုပ်တာလဲ"

ပေါင်ကနေမချီလိုက်တော့ အလန့်တကြား လည်ပင်းကိုဖတ်တွဲလာတယ် တကယ်ချစ်ဖိူ့ကောင်းလိုက်တာများ သူနဲ့ကြမှစိတ်ညစ်နေတာတွေတောင်မရှိတော့သလို ချက်ချင်းပြုံးမိသွားတယ် ။

"မတ်တပ်ရပ်နေရတာညောင်းလာလို့လေ ကြည့်ပါအုန်း မျက်လုံးတွေမို့နေတာဘဲ ညကမအိပ်ဘူးလား အခန်းထဲသွားရအောင်"

ခေါင်းတစ်ညိတ်ညိတ်နဲ့ ကိုယ်ခေါ်ရာလိုက်လာတယ်။

"အိပ်လိုက်အုန်းနော် "

ကုတင်ပေါ်အသာလေး ချပေးတော့ ကိုယ်ကိုပါဆွဲချကာ သူနဲ့အတူ အတင်းအိပ်ခိုင်းနေတယ်။

"အင်း ထယ်ရောအိပ်"

"ဟုတ်ပါပြီ"

ချက်ချင်းကိုယ်လက်မောင်းပေါ်ငြိမ်သက်သွားတယ် ခဏလောက်နေတော့ချက်ချင်းအိပ်ပျော်သွားတယ် ဘယ်လောက်‌တောင်ဆိုးလဲ ကိုယ်က ဒီကလေးမှာမအိပ်ဘဲစောင့်နေရှာတာ။

KiKi  {Complete}Where stories live. Discover now