Extra - ရှစ်သောင်းခြောက်ထောင့်လေးရာစက္ကန့်

598 85 15
                                    

Unicode

မနက်နိုးလာတည်းကခုထိ ထယ်ထယ်ကိုမတွေ့ရသေးဘူး နွေရာသီကျောင်းပိတ်ရက်ဆိုတော့ ထယ်ထယ်ကအိမ်မှာအမြဲလာနေကြကို ကျောင်းဖွင့်လဲအမြဲလာနေကြပါ ဒီနေ့မှ ပျောက်နေတယ် ။

"ကီးကီး အဲ့တာဘယ်သွားမလို့လဲ မနက်စာလာစားအုန်းလေ"

"ခဏနေစားမယ် မားမား ထယ့်ကိုသွားခေါ်မို့"

"ဟဲ့ ဟဲ့ အော် ဒီကလေးဇွတ် ထယ်ကခရီးတစ်ရက်ထွက်သွားပါတယ်ဆို"

ခြေလမ်းမြှောက်ကြွမြှောက်ကြွနဲ့ ဟိုဘက်ခြံသွားတော့ ခြံကတံခါးကြီးပိတ်ထားတယ် ထယ်တို့ဘယ်သွားကြတာလဲ။

အသွားတုန်းကမြှောက်ကြွမြှောက်ကြွနဲ့ ခုကျ မျက်နှာလေး‌တစ်ရှုံ့ရှုံနဲ့ပြန်၀င်လာပါပြီ။

"မားမား ထယ်တို့အိမ်ကတစ်ယောက်မှမရှိဖူးလား ခြံကြီးပိတ်ထားတာ"

"ထယ်မွေးရပ်‌ေမြအလည်သွားတာတဲ့ "

"ဟင့် ထယ်က ကီးကီးကိုတောင်မပြောသွားဖူး စိတ်ဆိုးတယ်"

"ဟိုကမနက်အစောကြီးလာပြောပါတယ် ကီးကီးမှမနိုးသေးဘဲအိပ်ပုပ်ကြီးနေတာကို"

"ဟင့် ဘယ်သူမှမကောင်းဘူး ကီးကီးကိုထားသွားကြတယ် အကြာကြီးသွားကြတာလားဟင်"

"တစ်ရက်တည်းပါကွယ် လာပါ မနက်စာလာစား"

သူများတွေတော့ စိတ်ကောက်ရင် အစားမစားဘဲဆန္ဒပြပေမယ့် ဒီကလေးကတော့ ပလုပ်ပလောင်းအသကုန်စားတာ အခုလည်းမနက်စာ ပေါင်မုန့်ကြက်ဉကြော်ကိုပါးစပ်‌ထည့်ခွသွတ်နေတော့တာ။

________________________________

"ကဲ ဧည့်ခန်ထဲလာလိုက်အခန်းထဲသွားလိုက်မီးဖိုချောင်၀င်လိုက်တာနဲ့ တစ်အိမ်လုံးပတ်နေတာ ဘယ်နှစ်ခေါက်ရှိပြီလဲ"

ဧည့်ခန်းထဲ သတင်းစာထိုင်ဖတ်နေသော ပါးပါးတစ်ယောက် မျက်စိနှောက်ပြီး ပြောရတော့သည် တစ်နေကုန် ပြာယာခတ်နာတစ်ယောက်တည်း။

"သိဝူး ဘာလုပ်ရမှန်းမသိလို့ "

"ပြောမနေပါနဲ့ ရှင့်သားက ထယ်မရှိတော့တစ်ယောက်တည်း ပြာယာခက်နေတာ"

KiKi  {Complete}Where stories live. Discover now