KiKi - 10

890 115 31
                                    

Unicode

*ဘုန်းဘုန်း ဒုန်း‌ဒုန်း*

"အားးး ငါဆီးသွားချင်နေပြီ မြန်မြန်လုပ်ပါဆို"

"အိပ်ပုပ်ကြီး အခုမှနိုးလာပြီး ရေချိုးနေတာလာနှောက်ယှက်နေတယ် လာလေ အိပ်သာတတ်မှာဆို ဘေးမှာတတ်ရတယ် "

"နှာဘူးကောင် အကြောင်းမသိရင်ခက်မယ် ထွက်ခဲ့ပါဆို ထယ်အနိုင်ကျင့်တယ် တီလေးနဲ့တိုင်မယ် "

"ခဏလေးလေ ဒီမှာတန်းလန်းကြီးထွက်ခဲ့ရမှာလား"

"ဘာ ဘာတန်းလန်းလဲ!! မမိုက်ရိုင်းနဲ့နော်"

"ဟောဗျာ ဘာပြောမိလို့ ရေချိုးရင်းတန်းလန်းပြောနေတာလေ ဒီကလေးဘာတွေတွေးနေလဲပြောစမ်း"

"ဟာ မြန်မြန်ထွက်ခဲ့ပါဆို လာမရစ်ပါနဲ့တော့"

"လာပါပြီ ခင်ဗျာ"

"ဖယ်ဖယ် ထွက်ကျတော့မယ်"

လူကိုတိုက်ပြီး ရေချိုးခန်းထဲဇွတ်၀င်သွားပါတော့တယ် ဒီလိုပါဘဲ တိုက်ခန်းမှာနှစ်ယောက်သား မနက်ခင်းနဲ့တင် ဆူညံ့တူကြပါသည် အထူးသဖြင့် အလိုလိုက်လို့ဒေါသအိုးလေးဖြစ်နေတဲ့ ငမွှေဒိုးလေးက အမြဲဆူညံ့နေတတ်တာဘဲ။

________________________

"Taehyungie ဗိုက်‌ဆာတယ် တစ်ခုခုမှာပေးပါ~~"

"Taehyungie snackစားချင်တယ်"

"Taehyungie ဒီsnack ထုတ်က စပ်တယ်မစားနိုင်တော့ဘူး ထယ်ဘဲစားလိုက်တော့"

"Taehyungie အရမ်းပူတယ် ရေခဲမုန့်စားချင်လိုက်တာ"

"Taehyungie ~~~"

"Taehyungie ~~"

တစ်နေ့လုံး ဟိုဟာစားချင်ဒီဟာစားချင်နဲ့ သူ့ကိုယ်သူ ဗိုက်ကြီးသည်များထင်နေလားမသိ Taehyungie ဆိုပြီး ချွဲတိုင်း ဒီကလည်း ကျွန်လိုအကုန်လိုက်လုပ်ပေးနေမိတော့တာ အဲ့တာကိုသိလို သေချာခိုင်းစားနေတာ။

"ဗိုက်ကြီးသည်တောင် အဲ့လောက်မစားပါဘူး မင်းဘာများဖြစ်နေတာလဲ"

"ဘာလဲ ငြိုငြင်တာလား ဒီလောက်လေးတောင်ငြိုငြင်ရင် လက်ထပ်ရင်ဘယ်လိုလုပ်မလဲ မင်း.. မင်းငါ့ကို မချစ်ဖူး ဟင့် သွား ဘယ်တော့မှမခိုင်းတော့ဘူး ကီးကီးခြေထောက်နဲ့ဒီလိုထွက်၀ယ်မယ် ဖယ်"

KiKi  {Complete}Donde viven las historias. Descúbrelo ahora