KiKi - 23

623 73 14
                                    

Unicode

3နှစ်ခန့် ကျော်လွန်ပြီးနောက်......

"ပါးပါးကလည်း ကြာရိုက်တာ ဒယ် ချောင့်နေတယ် ကီးကီးဘဲ အရင်တွားနှင့်တော့မယ်..."

"ဟာ တူတူသွားမယ်လေ ကြာမှာပေါ့ မင်းကိုအင်္ကျီအရင် ၀တ်ပေးနေရတာကို အော် ဒီကောင်စုတ်လေး အင်္ကျီဆင်တူနဲ့ ထယ်ကိုပြချင်လို့တူတူသွားပါ့မယ်ဆို...."

ဘယ်သွားတာမှတော့မဟုတ်ပါဘူး ထယ်ကအောက်ထပ်မှာစောင့်နေတာကို အင်္ကျီလှဲနေတဲ့ ပါးပါးကို မစောင့်နိုင် သူ့ဒယ်ဒီဆီထွက်သွားတာပါ။ ဒီနေ့ ပိတ်ရက်မို့ ကီးကီးကို ကစားကွင်းလိုက်ပို့ပြီး မိသားစုလိုက် သွားကြမလို့လေ။ အာ့ကြောင့် ကီးကီးတို့နှစ်ယောက်က အင်္ကျီဆင်တူ ၀ယ်ထားတာ ၀တ်ပြပြီး ထယ့်ကို အံ့ဩအောင်လုပ်မလို့ကို .....

ဘောင်ဘီအမြန်ကောက်စွပ်ကာ ဆင်းလိုက်သွားတော့သည်။

"အို ဒယ့် ကီးကီးလေးက ချစ်စရာလေးပါ့လာ လာပါအုန်း...."

"ထယ်~~~"

ကီးကီးပေါက်စကို ချီဖို့လုပ်မလို့ကို လှေကားပေါ်က ကီးကီးကလည်း အောက်က‌ကလေးပေါက်နဲ့ ဆင်တူကလေး၀တ်စုံလေး၀တ်ကာဆင်းလာတာမြင်တော့ ကိုယ်မှာအသဲတယားယား....
ချစ်စရာကောင်းနေလိုက်ကြတာ ဘောင်းဘီတိုလေးနဲ့ ကလေးတစ်ယောက်လို၀တ်ထားပါသေးတယ် ဒီကလေးကြီးကိုလည်းအသဲမယားဘဲမနေနိုင်တော့ ....

လှေကားပေါ်က ပြေးဆင်းလာတော့ ကိုယ်မှာချောလဲမှာဆို‌၍ အရှေ့ပြေးကာ ထိန်းပေးဖို့လုပ်တော့ ကိုယ်ပေါ်ခုန်တတ်လာသည်လေ။

ဟော့ ဘာလုပ်တာလဲကွာ...

"ထယ်~~"

"ဒယ်~~"

ကိုယ့်ပေါ် koalaတစ်ကောင်လို ဖတ်တွယ်ထားတဲ့ အသေးလေးကြောင့် ကြောင်နေချိန် ကျောနောက်မှတော့ နှစ်ယောက်သားတိုက်ပွဲဆင်နေကြသည်။

ကီးကီးကြီးက ကီးကီးလေးကို သူအောင်နိုင်သူအဖြစ် လျှာထုပ်ပြောင်နေလေသည်။ ကိုယ်ပြုံးမိသည် ဒီလူကြီးကလည်း ကလေးနဲ့အပြိုင်ဆိုးနေလေသည်လေ ချစ်ဖို့ကောင်းနေလေခြင်း။

အောက်ကကီးကီးလေးဘက်လှည့်လာကာ ‌ကြည့်မိတော့ သနားစရာ‌မျက်လုံးလေးနဲ့ သူ့ကိုကြည့်ဖို့ခေါ်နေတယ်။

KiKi  {Complete}Where stories live. Discover now