Unicode
"ကီးကီးရေ!!"
ထုံစံအတိုင်းထယ်ပေါက်စပါဘဲ အိမ်၀င်လာတာနဲ့ ကီးကီးဆိုပြီးသာအော်ခေါ်နေတော့သည် ။
"ထယ်လေး ကီးကီးဆီလာလည်တာလား"
"ဟုတ်"
"ဟင် ခုနကတင်ထမင်းစားပြန်သွားတာမို့လား ချက်ချင်းကြီး"
"ဟုတ်ရယ်လေ ထမင်းစားပြီးကီးကီးဆီပြန်လာတာ"
"အမလေးထယ်ရယ် ဒါများ မားမားတို့အိမ်မှာတော့စားမသွားဖူး"
"ထယ်ကစားချင်ပါတယ် အိုမားက မားမားတို့အိမ်မှာခနခနမစားရဘူးတဲ့ အားနာစရာကြီးချိုလို့"
"အားနာစရာလား မားမားသေချာပြောထားရမယ် မိသားစုလိုဖြစ်နေပြီဘဲ"
"ဟုတ်ယယ် ဟုတ်ယယ် မိသားစုရိုဖြစ်နေပြီကို"
ထယ်သည် ဂျောင်ကတော်ပြောသမျှလိုက်ထောက်ခံနေတော့သည်။
"ကီးကီးလေးက ရေချိုးနေတယ်သား ထယ့်ကီးကီးလေးကတော့မပြောချင်ပါဘူး ကျန်တဲ့နေရာသာ မားမားမပါရင်မပြီး ရေချိုးရင်တော့ တစ်ယောက်တည်း ဇိမ်နဲ့အကြာကြီးချိုးနေလေရဲ့ အသန်ကတော့ကြိုက်တတ်ပါ့"
"ကီးကီးကအ့ကြောင့်မွှေးနာထင်ရယ် ထယ်သွားကြည့်လိုက်အုန်းမယ်"
"ဟင်!!"
ဘယ်ကတည်းကကီးကီးရေချိုးတာကြည့်ချင်နေမှန်းမသိပါ အပေါ်ကိုပြေးသွားတာတန်းလို့ ဂျောင်ကတော်ငုပ်တုပ်ကြီးကျန်ခဲ့ရသည်။
*အို ဒုက္ခကီးကီးရေချိုးရင်ကြာတတ်လွန်းလို့ လော့ချပြီးချိုးခိုင်းတာမဟုတ်ဘူး အော်ဘာတွေးပူနေတာလဲ ကလေးအချင်းချင်းဘဲ ဘာမှမဖြစ်ပါဘူး*
ဂျောင်ကတော်စိတ်ထဲထိုသို့သာတွေးလိုက်သည်အထဲသီချင်းတညီးညီးနဲ့ ကီးကီးလေးသည် သူမားမားပြင်ထားတဲ့ ရေချိုးကန်သေးသေးထဲ ရေစိမ်ရင်း ဘေဘီမိုင်းနဲ့ သူဟာသူတိုက်နေပါတော့သည်။
"ကီးကီး ဒူယူယပ်မီအာယူရိုက်ရေး အန်ယန်အာယာယားယာယားယာ "
မသိတော့ဖူး အဂ်လိပ်သီချင်းကိုဝါးချနေတော့သည် ။