Unicode
3 years later~~~~~
"Tae~~ မြန်မြန် မားမားတို့စောင့်နေလောက်ပြီ "
"ကိုယ့် သတိုးသမီးလောင်းလေးက သိပ်လောတာဘဲ ယောင်္ကျားကိုအမြန်လိုချင်နေတယ်ပေါ့လေ"
"ပေါက်ကရတွေလျှောက်ပြောမနေနဲ့ မားမားတို့စောင့်နေရမှာမို့ပြောနေတာ"
"ဟုတ်ပါပြီ ဗျာ"
ကျောင်းကမကြာခင်ပြီးတော့မယ် ဘွဲ့ကလည်းရတော့မယ်ဆိုတော့ စေ့စပ်ထားဖို့ မိဘတွေစီစဉ်နေကြပြီ မိဘချင်းကလည်းအဆင်ပြေနေကြတော့ဒါမျိုးဆို နောက်တောင်အကျမခံ စောကြီးစီစဉ်ပေးကြ။
"အိုက်ဂူး ကိုယ်သတိုးသားလောင်းလေးဖြစ်တော့မှာမို့ထင်တယ် ဒီနေ့မှပိုလှနေသလိုဘဲ"
"ထယ် မင်းအဲ့မျက်ခွက်ကြီးကိုပြင်ထား မိဘတွေချင်းစေ့စပ်ထားရုံဘဲကို မျောက်အုန်းသီးရသလိုဘဲ "
"စေစပ်ထားဖို့တောင် ဘယ်နှစ်နှစ်လောက်စောင့်လိုက်ရတယ်ထင်တယ် အနှစ်၂၀နီးပါးစောင့်ခဲ့ရတာ"
"အာ~~ ထယ်ညစ်ပတ်ကောင် မင်းငယ်ငယ်လေးထဲကကီးကီးကိုပစ်မှားနေတယ်..."
"အခုမှသိလား ကိုယ်ကဖြင့်..."
"ပေါက်ကရတွေလျှောက်ပြောနေရင် စေစပ်ပွဲကိုဖျက်မှာနော်"
"မလုပ်လိုက်ပါနဲ့ စတာပါ လာသွားကြစို့..."
_________________________________
အိမ်မှာ ကီးကီးမိဘတွေနဲ့ ထယ့်မိဘတွေစုံနေကြပြီ Mrs Kimကလည်းကီးကီးကိုသမက်တော်ချင်နေတာနဲ့ Mrs Jungလည်းနီးတူ ထယ်ထယ်လေးအား သမက်တော်ချင်နေပြန်တော့ပြောစရာမလိုအောင် စကားကျနေကြသည်။
"သားတို့တောင်ရောက်လာပြီ လာပါအုန်း မားမားဆီ ငါ့ကီးကီးလေးတောင်အရွယ်ရောက်လာပြီဘဲ မားမားတော့ခုထိ ကလေးလေးလို့ဘဲမြင်နေတုန်း"
"ဟီး ကီးကီးကအမြဲ မားမားရဲ့ကလေးလေးဘဲလေ"
"သားအမိနှစ်ယောက်ဘဲပျော်မနေကြနဲ့အုန်းလေ ကလေးကိစ္စမေ့သွားပြီလား"
"ကလေးတွေကိုစောနိုင်သမျှ စောပြီးလက်ထက်စေချင်လှပြီ ကလေးနှစ်ယောက်က ငယ်ငယ်ထဲက သိပ်ချစ်ကြတာဆိုတော့"