Unicode
လှပတဲ့မနက်ခင်းလေးမှာ ကီးကီးတို့အိမ်ကို ကီးကီးအိုမားမိတ်ဆွေဟောင်းတွေပြောင်းလာကြတယ်
အောက်ထပ်မှာ မိသားစုနှစ်ခုမတွေ့တာကြာလို့စကားတွေဖောင်ဖွဲ့ပြောနေကြသည်။
ကီးကီးလေးကတော့ အခန်းထဲအိပ်နေတုန်းသာ
အဲ့အိပ်ပုပ်လေးကတော့ 3နှစ်သားလေးသာဖြစ်၏။"အို ဒါနင့်သားလေးက ငါသားလေးနဲ့ရွယ်တူလောက်ဘဲထင်တယ် ကြည့်ပါအုန်းထွားလိုက်တာ ငါသားထက်တောင်ထွားတယ် "
"အမသားကို ခေါ်လိုက်လေ ထယ်က ဒီမပြောင်းချင်လို့စိတ်တွေကောက်နေတာ သူအဖော်မရှိလို့တဲ့ အခုအဖော်ရသွားတာပေါ့ "
"ကီးကီးလေးက အိပ်နေတုန်းကွဲ့ ငါဘဲသွားခေါ်လိုက်ပါ့မယ် ကီးကီးရေ...."
ကီးကီးလေးက 3နှစ်သာပြည့်သော်လည်း အမေနဲ့အတူလာလာအိပ်တုန်း တစ်ယောက်တည်းအိပ်ခိုင်းမရ ဒါပေမယ့်အခုကတည်းက တစ်ယောက်တည်းအိပ်ရဲအောင်အခန်းသီးသန့်ပေးထားမှဖြစ်မည်လေ
သိုသော် သားက ဂျစ်တူးလေး အမေတို့ဆီခေါင်းအုံးလေးပိုက်ပြီး ကြောက်လို့လာလာအိပ်ရှာတာ ဖေကြီးကတော့မရဘူး ကီးကီးအိပ်ပျော်သွားရင် သူအခန်းထဲချီခေါ်သွား နိုးလာတိုင်း အော်ငိုတာဘဲ။
"အီးဟီး မားမား"
ကြည့်နိုးသွားပြီ ကီးကီးကြောက်တတ်လို့သူအခန်းအရုပ်တွေအပြည့်ထားပေးထားရတာ ဒါတောင်မနေချင်ဘူးကြောက်နေတော့တာ အခုလည်း စောင်တွေကန်ခြောက်ပြီး ငိုနေတဲ့ ပီစီတုံးလေး pajamaအင်္ကျီအပြာရောင်သေးသေးလေးနဲ့ ကိုယ်သားငယ်လေးတကယ်အသဲယားဖို့ကောင်းတာ။
"Omoကီးကီးလေးငိုနေပြန်ပြီ လာပါအုန်းမားဆီ မငိုနဲ့တိတ်တော့ အောက်မှာသူငယ်ချင်းအသစ်ရောက်နေတယ် မရှက်ဖူးလား ကြည့်ပါအုန်း မျက်ချီးတွေနဲ့ နှာချီးတွေတောင်ထွက် "
မားကပြောလည်းပြောပြီး မျက်ရည်စတွေနဲ့ညစ်ပက်ကောင်လေးကို ဘေးကတစ်ရှူးနဲ့သုတ်ပေးနေလေသည်။
"ကီးကီး အိပ်ဖူးနော် ပို့နဲ့ဒီဂို ဗြဲ"
"ဟုတ်ပြီဟုတ်ပြီ မားကပါးပါးကိုပြောထားလိုက်မယ် ဒီအခန်းထဲကီးကီးလေးကိုမပို့ဖို့"