Unicode
*15 years later*
*ဖြန်း!!*
"ထတော့ကီးကီးလေးရေ ပြစရာရှိတယ်"
"အ့.. ထယ်မင်း ဘာလိုဖင်လာရိုက်တာလဲ ဟွန့် နာတယ်လေ"
"ဟီး ရိုက်လို့ကောင်းလို့ပါ ထပါဆို ပြစရာရှိလို့"
"အစော်ကြီးအိပ်ကောင်းတုန်းကို ဘာမှန်းမသိဘူး"
"ကီးကီးကလည်းကွာ ရစ်နေပြန်ပါပြီ မထရင် ချီပြီးခေါ်သွားမှာနော်"
"ထပြီ ထပြီ ပြပြ စိတ်ရှည်တော့ဘူးနော်"
"ဟားဟား ချစ်ဖို့ကောင်းလိုက်တာ လာပါ ၀ရံနာလိုက်ခဲ့ "
"ဘာလဲဘာလဲ ဘာပြမို့"
"ဟိုမှာကြည့်စမ်း.."
"ဟင် ကားဘယ်သူ့ကားကြီးလဲ ဧည့်သည်ရောက်နေလို့လား ထယ် ဘယ်သူတွေလာလို့ အရေးတကြီးလာနိုးရတာလဲ"
"ဟာ ကီးကီးကလည်း အ့ကိုယ့်ကားလေ အိုမားက ပထမနှစ်တတ်ရတော့မှာမို့ လက်ဆောင်၀ယ်ပေးတာ လှတယ်မို့လား"
"ဟွန်း သူကားရတာလာကြွားချင်လို့ ကီးကိုအစော်ကြီးနိုးတယ်"
"အဲ့လိုမဟုတ်ပါဘူး ကားကိုကီးကီးအကြိုက်ပုံစံလေး၀ယ်ခိုင်းထားတာလေ သဘောမကျဘူးလား"
"သဘောကျပါတယ် ကီးဟာမှမဟုတ်တာကို"
"ကိုယ့်ဟာလဲ ဒီကကီးလေးအပိုင်ပါဘဲဗျာ"
"တကယ်လား ဒါပေမယ့်ကီးကားမောင်းမမောင်းတတ်သေးဘူး "
"ကိုယ်သဲလေးသွားချင်တဲ့နေရာကိုယ်ဘဲလိုက်ပို့မှာပေါ့"
"ဘာသဲလဲ မြေကြီးတွေသဲတွေလာမလုပ်နဲ့ ဟွန့် "
"ဟားဟား ရှက်ရမ်းတွေရမ်းနေတာပေါ့"
"ဘာလို့ရှက်ရမှာလဲ ဟင့် 15နှစ်လုံး ကီးကိုသူချစ်သူများထင်နေလားမသိ "