Extra - Happy birthday KiKi

626 95 16
                                    

Extra part - 2.

"Happy birthdayပါ ကီးကီး"

"ဂါနူရားးး တကယ်ကြီးလာတာရားး"

"လာတာပေါ့ ကီးကီးလေးမွေးနေ့ကို ရေ့ာ လက်ဆောင်"

"ဝါး အကျီလှလှလေး ကျေးဇူးပါ"

"သားလေး သူငယ်ချင်းရဲ့လက်ဆောင်လား မားကိုပေး ဟိုမှာသွားထားပေးမယ် ခဏနေမွေးနေ့ကိတ်ခွဲမယ်နော်"

"ဟုတ် ဟုတ် နေအုန်းမား ထယ်ကဘာလို့မလာသေးတာယဲ"

"ထယ်က လာမှာပါခဏနေ စောင့်လိုက်အုန်း"

"ဟွန့် ကီးကီးမွေးနေ့မှဘာလို့နောက်ကျနေတာလဲ သိဖူး နီးနီးလေးကို ကီးကီးသွားခေါ်မယ်"

"အယ် မွေးနေ့ချိန်နီးနေပြီလေ ကီးကီးသူငယ်ချင်းတွေထားသွားမို့လား"

ကီးကီးလေး 5နှစ်ပြည့်မှာ ကျောင်းကကလေးတွေဘဲဖိတ်ပြီး မွေးနေ့ပွဲလေးလုပ်ပေးထားပါတယ်။
ဒီနေ့ ကီးကီးလေး အဖြူရောင်လေးနဲ့ သိပ်ချစ်ဖို့ကောင်းနေပါတော့သည် ။

"ဂါးးး စိတ်ရှည်တော့ဘူး ထယ်ကိုစိတ်ဆိုးတယ်"

"အယ် လာပါပြီ ဟိုမယ်"

စိတ်ကောက်နေတာမို့ မကြည့်ချင်သော်လည်း ထယ်ဘာ၀တ်လာမလဲလို့ ခိုးကြည့်လိုက်သေးသည် အရောင်ဆင်တူ အဖြူရောင်ဘဲ၀တ်ထားသည်။

"ကီးကီး happy birthday!!"

"ဟွန့်..."

"ကီးကီး ဘာဖြစ်လို့လဲဟင် ထယ့်ကိုစိတ်ဆိုးနေတာလား"

"......"

"ထယ်လေးရယ် မင်းကီးကီးက မင်းနောက်ကျလို့စိတ်ဆိုးနေတာကွဲ့"

"ဟုတ်လား ထယ်တောင်းပန်ပါတယ်နော် ‌နည်းနည်းနောက်ကျသွားတယ်"

"အမလေး ပြောပါတယ် နောက်ကျပါ့မယ်ဆိုမြန်မြန်လုပ်ပါဆို မှန်ရှေ့ကမခွာဖူး ကီးကီးနဲ့အင်္ကျီဆင်တူဆိုပြီး သူကိုယ်သူကြည့်နေတာလေ အမဂျောင်ရယ် မသိရင် မွေးနေ့ရှင်ကသူကျလို့"

"ကီးကီး နဲ့အင်္ကျီဆင်တူ၀ယ်ထားတာလေ ဒီမယ်ကြည့် "

"ဟွန့် ခုတော့မွေးနေ့မို့ စိတ်ဆိုးပြေရိုက်မယ် မွေးနေ့ကိတ်ခွဲချင်လှပြီ ကြည့်ကြည့် ကီးကီးမွေးနေ့ကိတ်လေးလှတယ်မို့လား ဒါကီးကီးဒဇိုင်းဆွဲထားတာ ခ်ခ် ချစ်ဖို့ကောင်းတယ်မို့လား"

KiKi  {Complete}Tahanan ng mga kuwento. Tumuklas ngayon