KiKi -24

606 76 24
                                    

Unicode

"ဆော့ကီ..."

"ဘယ်ဆော့ကီကိုခေါ်တာတုန်း.."

"ဒီက အမျိုးသားလေးကိုခေါ်တာပေါ့ဗျာ လာပါအုန်း ပေးစရာရှိလို့.."

"ဘာပေးမလို့လဲ..."

ပေးစရာရှိတယ်ပြောတော့ ချက်ချင်း အနားကပ်လာတဲ့ အချွဲတုံးလေး။

"လာထိုင်..."

အမိန့်ပေးသလိုပြောတော့ မျက်စောင်းလေးထိုးပြီး လက်ဆောင်လည်းလိုချင်တာမို့ ဘေးနားလာထိုင်ပါရဲ့။

"ဘာလဲကွာ.."

"မျက်စိမှိတ်.."

"......"

"မွ.."

"အားး ဘာလဲ အကောင်းမှတ်လို့ မှိတ်တာကို လူရုတ်မာ အသားယူတဲ့ကောင်.."

မျက်လုံးမှိတ်ခိုင်းပြီးဘာမှမပေးဘဲ အနမ်းပေးလိုက်လို့ဒေါပွသွားသူလေးပါ။

"ဟဟ စတာပါဗျာ ဒီမယ်ပါလက်ဆောင်က.."

ဗူးလေးထဲ ပလတ်တီနမ်ဆွဲကြိုးလေးပေးလိုက်တော့အရောင်တလတ်လတ်မျက်လုံးများ။

"ဆွဲကြိုး.. ချစ်စရာလေး ကီးကီးယောင်္ကျားကချစ်ဖို့ကောင်းလိုက်တာ မွမွ..."

သူလိုချင်တာရတော့ မျက်နှာတစ်မျိုးနဲ့အတတ်လေးပါ အခုတလော ဆွဲကြိုးအသစ်ရချင်နေမှန်းသလို့ အလိုက်တသိ၀ယ်လာပေးတာ အတော်ပျော်သွားတယ်ထင်တယ်။

"ကိုယ်ရှာသမျှ ဒီယောင်္ကျားလေးထိုင်ဖြုန်းဖို့ဘဲဟာ"

"ဟီးဟီး လိုက်တယ်လား "

ကိုယ်ပြောတာစိတ်မ၀င်စားဘဲ ဆွဲကြိုး၀တ်ကြည့်ပြီး ပြန်ပြနေသူ။

"လှတယ် အရမ်း!"

"အာ့ ကင်ထယ်ယောင်း!!!"

ဆွဲကြိုးလာပြတဲ့ လည်ပင်းဖြူဖြူလေးကိုက်လိုက်တော့ အရာထင်သွားတာ လည်တိုင်လေး ဒါကတော့အပေးအယူပေါ့ ။

"ပိုလှသွားပြီ.."

"အရူးကောင် နေခင်းကြောင်တောင်ကြီး တစ်ယောက်ယောက်မြင်သွားရင်ဘယ်လိုလုပ်မလဲ"

"ဟားဟား ရှက်နေတာလား တူတူ‌နေလာတာကြာလှပြီ ရှက်သေးတာလားကွာ "

KiKi  {Complete}Where stories live. Discover now