Extra - ရန်ဖြစ်ပြီး ပိုချစ်မယ်

610 74 9
                                    

Unicode

14နှစ်အရွယ် ထယ်နဲ့ကီးကီး....

လူပျိုပေါက်အရွယ်ဖြစ်လာတဲ့ထယ်ကအပေါင်းအသင်းမှားပြီး လူဆိုးပေါက်စလေးစဖြစ်လာတာပေါ့ ဘယ်သူမှဆုံးမမရပေမယ့် ကီးကီးကပြောရင်တော့ နားထောင်တယ်တဲ့။

"ထယ်!! ရန်ဖြစ်လာတာလား ရန်မဖြစ်ရဖူးလို့ ပြောထားတာကို တော်ပြီး ထယ်ကကီးကီးစကားဆိုနားမထောင်ဖူး ...."

ပါး‌ပေါ်ကဒဏ်ရာနဲ့ နှုတ်ခမ်းနားပေါက်နေတဲ့သွေးစကို‌မြင်တော့ ကီးကီးမျက်ရည်စများနဲ့ပြောလာတယ်။
အခုမှ လူငယ်ဘဲရှိသေး အကြီးတန်းကအစ်ကိုကြီးတွေနဲ့ရန်သွားသွားဖြစ်သေးတယ် အရင်ကလိုမဟုတ်တော့ဘူး သူငယ်ချင်းအသစ်ရပြီး ကီးကီးကိုလည်းပစ်ထားတယ် ထယ်ကတကယ်ဆိုးတာဘဲ....

"ကီးကီးငိုနေတာလား မငိုပါနဲ့နော် ထယ်နောက်ရန်မဖြစ်တော့ဖူး အခုကလေ...."

"တော်ပြီ ထယ်ကပြောလိုက်ရင် သူငယ်ချင်းတွေဇွတ်ခေါ်လိုပါသွားရတာ သူတို့နဲ့မပေါင်းနဲ့ပြောလဲ ကီးကီးစကားနားမထောင်ဖူး ကီးကီးကိုပစ်ပြီးလည်းထွက်ထွက်သွားတယ် ရတယ် ထယ်နဲ့ ဒီနေ့ကစပြီး သူငယ်ချင်းမလုပ်တော့ဘူး ထယ်က ကီးကီးထက်သူတို့ကိုပိုခင်ရင် ကီးကီးကိုလာမခေါ်နဲ့ ကီးကီးလည်းပေါင်းချင်တဲ့သူနဲ့ပေါင်းမယ်.."

ထယ်ကို တကယ်စိတ်ပျက်မိတယ် ကီးကီးကိုကျဘယ်သူနားမှကပ်ခွင့်မပေးခဲ့သလို အပေါင်းအသင်းတွေနဲ့လည်းသိပ်ပြီးပေါင်းခွင့်မပေး အခုကျ သူကကီးကီးကိုပစ်ပြီး သူငယ်ချင်းအသစ်တွေနောက်ပါပါသွားတယ်။

"ကီးကီး...."

အဲ့နေ့ကစပြီး ထယ်နဲ့ရန်ဖြစ်ခဲ့တယ် အရင်ကကျောင်းသွားတတွဲတွဲပေမယ့် အခုဆို တူတူသွားရင်တောင် ခြောက်ပေအကွာလောက်ကနေ ဝေးဝေးလျှောက်တယ် အရင်ကဆို ကပ်ပြီးလာချော့ပေမယ့် အခုတေ့ာနောက်ကနေမျက်နှာငယ်လေးနဲ့ပါလာတယ်။

ဘာလို့ဆို ကီးကီးတကယ်စိတ်ဆိုးသွားတာမို့သူမကပ်ရဲ ညနေအိမ်ကိုသွားချော့တော့လဲ တံခါးမဖွင့်ပေးတဲ့အပြင် ထယ်မပြန်မချင်း အခန်းထဲ ပစ္စည်းတွေရိုက်ချိုးနေတာ ဘယ်သူမှလည်းတားမရပါ ။

KiKi  {Complete}Where stories live. Discover now