Unicode
*အူးဝါး!!*
အိမ်တည်းက လသားအရွယ်ကလေးငိုသံ။
"အားး!"
"အူးဝါး!!!"
"အားးး!!"
"အူဝါး!!!"
ကင်ထယ်ယောင်းတစ်ယောက် ရုံးကပြန်လာလာချင်း အိမ်ကစီးကြိုခံလိုက်ရတဲ့ အသံတွေကြောင့် အခန်းထဲက သူ့ယောင်္ကျားနဲ့ ကလေးဆီအမြန်ပြေးသွားရတယ်။
ဘာများဖြစ်ကြတာလဲ....."အားး!!"
*ကျီ..*
တံခါးဖွင့်သံကြားတော့ နှစ်ယောက်စလုံး မျက်လုံးပြူးလေးနဲ့ လှည့်ကြည့်လာကြတယ်။
"ဘာဖြစ်ကြတာလဲ.."
"အူးဝါး...."
ကီးကီးလေးက ထယ့်ကိုမြင်တော့ ငိုပြီး လက်နှစ်ဖက်ဆံ့ထုတ်ခါ သူ့ကိုချီပေးဖို့ ခေါ်နေတယ်။
"ဒယ်ဒီ့သားလေးကို ချီပါ့မယ်ကွာ..."
မိသားစုကတော့ဒီလိုဘဲ ကိုယ်တစ်ယောက်တည်း ကလေးနှစ်ယောက်ထိန်းနေရတယ်။
အိမ်ခွဲနေချင်တယ်ဆိုလို့ အရင်အိမ်နဲ့ မဝေးတဲ့နေရာမှာဘဲ နေခဲ့ကြတာ ။
ဒီသားအဖနှစ်ယောက်ကိုစိတ်မချပေမယ့်လဲ အိမ်တစ်အိမ်တည်းထားထားရတယ်။"ကီးကီး ဘာဖြစ်ကြတာလဲလို့ ကိုယ်မေးနေတယ်လေ..."
"ရိုးရိုးမေးလည်းရပါတယ် ဘာလို့အော်တာလဲ...."
"ဟော်ဗျာ မအော်မိပါဘူး အချစ်ဘဲ ခုနကအော်နေတာလေ..."
"အော်မှာပေါ့ ထယ့်သားက ကီးကီးက လက်အပူခံပြီး နို့ဖျော်တိုက်ထားရတာကို သူက ထပ်ငိုနေတာ ဆူညံလို့ နားညည်းမခံနိုင်လို့ သူနဲ့ ပြိုင်အော်နေတာ..."
"ဟော်ဗျာ......"
ကလေးကလည်း သူ့ပါးပါးနဲ့ တူလို့ထင်တယ် အသံအောင်ပုံများ နှစ်ယောင်းသားပေါင်းအော်နေတာ ရက်ကွက်ကနှင်မထုတ်တာကံကောင်းတယ်။
"အခုကျတိတ်သွားပြီးမြင်သား ထယ့်သားက ထယ့်လက်တည်းရောက်တာနဲ့ ငြိမ်သွားတာ ကြည့်လို့ကိုမရဘူး...."
"လသားလေးဘဲ ရှိပါသေးတယ် အချစ်ရယ် အပြိုင်ရန်တွေ့မနေပါနဲ့ ဒီအဆိုးလေးနှစ်ယောက်တော့ ကိုယ်ဘယ်လိုထိန်းရမလဲတောင်မသိတော့ဘူး."