Unicode
မွေးခါနီဖွားခံနီးမို့ ကီးကီးကိုတွဲပြီးလမ်းလျှောက်ထွက်ပေးရတယ် ကီးကီးလည်းကိုယ်၀န်နဲ့မို့အရမ်းပင်ပန်းနေမှာ သိပ်ချစ်လွန်း ကိုယ်တိုင်သာလွယ်ပေးချင်တော့တယ် ကလေးချစ်လွန်းပေမယ့် ကီးကီးကိုအရာအားလုံးထက်ပိုချစ်တယ် ကလေးတစ်ယောက်မွေးဖို့မလွယ်ဘူး ကီးကီးကဆေးထိုးမှာေတာင်ကြောက်တဲ့ကောင်လေးမို့ ပိုဂရုစိုက်ပေးရတယ်
"ထယ်ယောင်း ဂျယ်လီစားချင်တယ် "
ညကြီးမိုးချုပ်ရင်လည်းသူစားချင်းတာစားရမှမဟုတ်ရင် ဂျီကျပါသေးတယ် အထဲက ကလေးကဂျီကျတာလား ဒီကလေးကြီးကဘဲ ဂျီကျနေတာလားမသိတော့ပါ
"ဟုတ်ပြီ ကိုယ်ယူခဲ့ပေးရမလား"
"ဟင့်အင် မအိပ်ချင်သေးဘူး တီဗီကြည့်အုန်းမှာ "
"လာကိုယ်တွဲမယ်"
"ရတယ် ဒီနားနဲ့ဒီနားကို ဟွန့်"
ကိုယ်၀န်ရင့်လာတာတောကြောင့် တစ်ခုခုဖြစ်မှာမို့ အိပ်ခန်းကိုအောက်ထပ်ပြောင်းပေးထားရသည် ကိုယ်ကသာစိတ်ပူနေရတာ ကိုယ်မရှိချိန်ဖြစ်ချင်ရာဖြစ် ဟိုတစ်ခါလည်း တစ်ခုခုဖြစ်မှာမို့ ဆူမိတာ အော်တယ်ဆိုပြီးတစ်အိမ်လုံးရမ်းကားသွားတာ ရစရာကိုမရှိ မနည်းချော့ယူလိုက်ရတယ် ကိုယ်ကလည်းစိတ်ပူလွန်ပြီး အော်မိတာကို...
"နွားနို့ပါဖျော်ခဲ့မယ်နော် "
"အင်း..."
ဆိုဖာပေါ်ထိုင်နေတဲ့ကောင်လေး ဗိုက်ကအတော်ဖောင်းနေပြီမို့အသဲယားဖို့ကောင်းလှသည် အင်္ကျီအပွကြီးနဲ့ ဗိုက်လုံးလုံးလေးရယ် ဒီကြားတယ် သူစားချင်တာတွေရော ကိုယ်ကလည်းကျွေးတာတွေရော မားမားရော ကိုယ့် ommaတို့ကရော တစ်မိသားစုလုံးဆုံနေအောင်ဂရုစိုက်လိုက် ဟိုဟာစားခိုင်းဒီဟာစားခိုင်း အရင်ထက် သိသိသာသာကို ပြည့်၀လာတာ။
"ကိုယ်ပေါ်မှီအိပ် ညောင်းနေလိမ့်မယ်"
ကိုယ်၀န်နဲ့မို့ အိမ်မှာသာ အလိုလိုက်ခံနေရပေမယ့် သူလည်းပင်ပန်းနေမှာ တစ်ကိုယ်လုံးညောင်းကိုက်နေမှာ။
"နွားနို့ကကုန်သွားပြီး ဂျယ်လီကစားအုန်းမှာ"
"အိပ်ချင်ပြီလား"