Unicode
မိသားစုစုံစုံလင်လင်နဲ့ ကလေးနာမည်ပေးဖို့တိုင်ပင်နေကြသည်လေ။
"မကြိုက်ပါဘူးအဲ့နာမည်ကြီး"
"ကီးကီးဘယ်လိုပေးချင်တာလဲ"
"ထယ်နာမည်လည်းပါ ကီးကီးနာမည်လည်းပါစေချင်တာလေ "
"Kim Taeseok!"
"ဟုတ်တယ် အာ့ကြိုက်တယ် ကီးကီးလေးနာမည်ရပြီ"
ကီးကီးနဲ့တူစွာချစ်စရာကောင်းတဲ့ကလေးလေးကို တစ်အိမ်လုံးက ကီးကီးလေးလို့ခေါ်ကြတယ် ။
ကီးကီးနဲ့ ကီးကီးပေါက်စပေါ့ ချစ်ဖို့ကောင်းတယ်မို့လား။"ကီးကီးလိုဘဲ ကီးကီးလေးကိုတော့အိမ်နာမည်ခေါ်မယ် "
တစ်အိမ်လုံးကသဘောတူကြပြီး ကီးပေါက်စလေးကို ကြည့်ပြီးကြည်နူးနေကြသည်။ လပိုင်းဘဲရှိသေးတဲ့ နုနုလေးကို မားမားနဲ့ထယ်ဘဲထိန်းကြတယ် ကီးကီးကြီးကတော့ စစပိုင်းသူချီရင်ပြုတ်ကျမှာမို့ မချီရဲဖူးတဲ့လေ မားမားတစ်ဖြေးဖြေးသင်ပေးမှ ထိရဲသွားလေသည်။
ကလေးကနုနုလေးမို့ သူထိရင်တစ်ခုခုဖြစ်မှာမို့တဲ့ပါ။"ဟုတ်ကဲ့ကျွန်တော်လာခဲ့ပါမယ်"
ထယ်ဖုန်း၀င်လာပြီးစကားပြောသံကြားရတယ် Hanaမွေးဖို့ဆေးရုံရောက်နေပြီဆိုပြီးပေါ့ ။
"ထယ် ကီးကီးလည်းလိုက်မယ်"
"ဖြစ်ပါ့မလား"
"ဖြစ်တယ် ငါအဆင်ပြေတယ် မားမားကီးကီးလေးကိုကြည့်ထားပေးပါအုန်း"
ငါကလေးတစ်ယောက်မွေးဖူးတာမို့ဒီခံစားချက်ကိုသိတာ ငါကမိခင်တော့မဟုတ်ပေမယ့် ကလေးမွေးနိုင်တဲ့ဖခင်တစ်ယောက် Hanaလည်းခုလိုချိန်မှာ မိသားစုကိုလိုအပ်နေမှာ ။
ဆေးရုံကိုအမြန်ဆုံးရောက်သွားခဲ့တယ် ကလေးကမွေးပြီးနိုင်ခဲ့ပြီတဲ့လေ။
"ထယ်.... ကီးကီးရောလား"
"အို မိန်းကလေးမွေးတာလား ဂုဏ်ယူပါတယ် Hana ကလေးကနင်နဲ့တူတာထင်တယ်နော်
Hanaကဘာလို့ငိုနေတာလဲ ""ကီးကီး နင်ကလေးမွေးပြီချိန်ကမလာနိုင်ခဲ့လို့တောင်းပန်ပါတယ်ဟာ"
