Unicode
"အာညောင် Hanaပါ"
"ထယ်... သူက"
"ကီးကီးဆီလာရင်း သူကကျောင်းသူသစ်မို့ အခန်းတူနေလို့လိုက်ပြတာလေ "
"အော် အာ့ဆိုလဲ ၀င်လေ လာထယ် သူ့ကိုဆရာမိတ်ဆက်ပေးလိမ့်မယ် သွားမယ်"
ခုနကငိုနေတာသူမဟုတ်သလို ခပ်အေးအေးနဲ့ သူ့ကိုဆွဲခေါ်သွားသောကီးကီးပါ အို သူသ၀န်တိုတာမြင်ရခဲတယ် ကိုယ်ကဘဲသ၀န်တိုနေရတာမတရားဘူး ။
"ကီးကီး ကိုယ့်ကိုသ၀န်တိုနေတာလား နှုတ်ခမ်းကြီးမထော်ပါနဲ့ကွာ သူများတွေမြင်ကုန်မယ် ငါ့စတော်ဘယ်ရီသီးလေးကို"
"ဟွန့် သ၀န်တိုတာမဟုတ်ပါဘူး စိတ်ဆိုးတာ ထယ်က သူငယ်ချင်းအသစ်ရလာတယ်ထင်လို့ ငါကို့ပစ်သွားတော့မယ်ထင်နေတာ ဟင့်"
"အယ် မငိုပါနဲ့ ဆရာလာတော့မယ် တိတ်နော် ပစ်စရာလား ကီးကီးကိုထယ်ကဘယ်တော့မှပစ်မသွားဘူး သူငယ်ချင်းရလဲ သူတို့ကသူငယ်ချင်း ကီးကီးနဲ့လယ်ဗယ်မတူဘူးလေ ကီးကီးကငါ့ချစ်သူ"
"မရဘူး ကီးကီးက ချစ်သူဖြစ်သွားရင်သူငယ်ချင်းမဖြစ်ရတော့ဘူးပေါ့"
"မဟုတ်ဘူးလေ ကီးကီးက ထယ်ရဲ့သူငယ်ချင်းချစ်သူ ဟုတ်ပြီလား ဘွဲ့နှစ်ခုတောင်ရတယ်လေစိတ်မဆိုးနဲ့တော့"
"ဟုတ်တယ်နော် သူငယ်ချင်းလည်းဟုတ်တယ် ချစ်သူလဲဟုတ်တယ် ကီးကီးကနှစ်ခုတောင်ဖြစ်ရတာ သူတို့ထက်သာတာပေါ့"
"အင်းပေါ့"
"အာ့ဆို စိတ်မဆိုးတော့ဘူး"
ငရစ်ကို ဒါမျိုးပြန်ချေပမှ မဟုတ်ရင် စိတ်ဆိုးပြီး အဆတစ်ရာချော့ရတော့မယ် ဟူးး။
_________________________________
"Taehyung shi... Hanaလည်း ဒီမှာထိုင်ရမလား သူငယ်ချင်းမရှိတော့ ထယ်ယောင်းတို့နဲ့ခင်ချင်လို့ပါ"
နေလည်ချိန် ကီးကီးနဲ့နှစ်ယောက်တည်းစားနေကြပေမယ့် အခု ကျောင်းသူသစ်ကပါ အဖော်ဖွဲ့နေတယ် တော်ရုံ ကီးကီးမကြိုက်လို့ သိပ်မပေါင်းသင်းပေမယ့် သူကြည့်ရတာ သနားဖို့ကောင်းနေသလိုဘဲ။