ပေးဆပ်ခြင်းကလဲအချစ်။
ရယူခြင်းကလဲအချစ်ဆိုရင် ကျွန်တော်လဲပထမနည်းကိုပဲရွေးမိမှာ။
ကျိန်းသေပိုင်ဆိုင်ရမှအချစ်လို့မထင်ဘူး သူ့ပျော်ရွှင်မှုကိုတန်ဖိုးထားတာကလဲ အချစ်ပဲလေ။_
တရိပ်ရိပ်ပြေးနေသည့်ကားပေါ်မှမြင်နေရသည့်တိုက်အမြင့်ကြီးတွေကိုသူတအံ့တဩလိုက်ကြည့်နေမိသည်။
သူအရင်နေခဲ့တဲ့မြို့လေးမှာဒီလိုတွေမရှိဘူး။
လယ်ယာစိုက်ခင်းတွေ ရေတံခွန်တွေ ပြီးတော့သစ်သားအိမ်လေးတွေ။ပါပါးမပါပဲသူမလာချင်ပေမဲ့ သူဒီကိုလာမှပါပါးကပြန်နိုးလာမှာတဲ့
ပါပါးကအိပ်နေတာလေ အကြာကြီးပဲ။
ပါပါးသူငယ်ချင်းဦးဦးKunက သူ့ကိုခေါ်လာရင်းနဲ့ပြောပြတာ။
" အစ်ကိုပြောတဲ့လိပ်စာအရဆို ဒီလမ်းပဲ ကျွန်တော်လမ်းထဲ၀င်ပေးရဦးမလား "
" ဒီမှာပဲရပ်လိုက်ပါဗျ အိမ်ကရှာရဦးမှာဆိုတော့ "
ကားဆရာဦးလေးကြီးနှင့်ဦးဦးKunတို့၏စကားသံများကြောင့်သူအတွေးတို့မှလူးလွန့်လာခဲ့သည်။
" ကလေး ရောက်ပြီဆင်းရအောင် "
" ဟုတ် "
ဦးဦးKunကလက်တဖက်ကသူ့ကိုဆွဲ ကျန်လက်တဖက်ကသူ့အ၀တ်တွေထည့်လာသည့်အိတ်ကိုကိုင်၍ ဟိုကြည့်သည်ကြည့်နှင့်အိမ်နံပါတ်တွေတစ်ခုပြီးတစ်ခုလိုက်ကြည့်နေသည်။
" 21 "
" 22 "
" 23 "
" ဟော အိမ်နံပါတ်23 ဒီအိမ်ပဲဖြစ်မယ် "
ဦးဦးKunစကားကြောင့်သူမျက်စိရှေ့ တွင်ရှိနေတဲ့အိမ်ကြီးကိုကြည့်မိတော့
အူးဝါးး~~
ပါပါးနဲ့သူနေခဲ့တဲ့အိမ်ထက်ဆယ်ဆလောက်ပိုကြီးသည်။
တီးတောင်~~~တီးတောင်~~~
ခြံရှေ့မှခလုတ်လေးတစ်ခုကိုနှိပ်လိုက်သည်နှင့်အသံမြည်သွားပြီးခဏနေဦးလေးကြီးတယောက်ထွက်လာသည်။
" ဘယ်သူနဲ့တွေ့ချင်လို့ပါလဲဗျ "
" အော် ဒီအိမ်ကလေLee group ရဲ့CEO Lee Yong အိမ်လားမသိဘူး "
YOU ARE READING
𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 ) ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )
Fanfictionတစ်ခါလောက်ပြိုင်ချစ်ကြည့်ကြမလားဟင်? ကြေးကတော့နှလုံးသားတခုလုံးလေ !