( 29 )

469 52 11
                                    


ခေါ်သွားစရာနေရာရှိတယ်ဆိုပြီး ညနေကျအဆင်သင့်လုပ်ထားဖို့ပြောကာမနက်ထဲကထွက်သွားတဲ့သူက ပေါ်မ‌လာသေး ။

မျှော်နေတာမျိုးမဟုတ်ပေမယ့် ခဏခဏခေါင်းထဲရောက်လာ၍ အာရုံစိုက်မိနေခြင်းသာ ။

ဝေါ ~

ခြံထဲကား၀င်လာသံကြားပုံထောက်ရင်တော့ ပြန်လာပြီထင်တယ် ။

အိမ်ပြန်ရောက်ထဲကရေချိုးခန်းထဲတန်း၀င်ပြီး အ၀တ်အစားတွေပါအလောတကြီးလဲနေတဲ့Jenoက ဘာတွေအရေးကြီးနေမှန်းမသိ ။

“ အဆင်သင့်ဖြစ်ပြီလား ”

“ အင်း.. သွားစရာရှိတယ်ဆိုတာ ဘယ်ကိုလဲ ”

“ ရောက်ရင်သိရမယ်လေ အခုအရင်သွားရအောင် ”

ညနေစောင်းလေးမို့နေကအနောက်ဖက်ကို၀င်ခါစ ။
ဆည်းဆာရောင်သန်းနေတဲ့လမ်းမထက်မှာ သူတို့ကားလေးက တရိပ်ရိပ်ပြေးလို့ ။
အတန်ကြာမောင်းလာပြီးနောက် ရှုပ်ထွေးတဲ့မြို့ပြနှင့် အလှမ်းဝေးသည့်ရက်ကွက်လေးရှိ အိမ်လေးတစ်လုံးရှေ့တွင်အဆုံးသတ်သည်။

ခြံထဲ၀င်လိုက်သည်နှင့်တန်းတွေ့ရသည်က ဘာအမျိုးအနွယ်မှန်းမသိသည့်ပန်းအဝါလေးတွေ အစုလိုက်အစုလိုက်နှင့် သစ်ခွကိုမှ အဝါကျားလေးတွေပါသည့်မျိုးစိတ်မျိုးကိုတန်းစီချိတ်ဆွဲထားတာတွေ့ရသည် ။

ဆင်၀င်အောက်ရှိအရှေ့ဘက်တွင်လည်း ရေမွှေးနှင်းဆီ‌ သေးသေးလေးတွေလည်းအရောင်စုံစွာ တွေ့ရသည် ။

တအားမကျယ်သည့်အိမ်လေးတွင် သူသဘောအကျရဆုံးကတော့ ဆိတ်ငြိမ်မှုရှိသည့်ပတ်၀န်းကျင်ကြောင့် ။

“ ဒါကဘယ်နေရာလဲ Jeno ”

“ မင်းသဘောကျလား ? ”

“ အင်း.. ”

“ လာ အထဲကိုလိုက်ခဲ့ ”

သူ့လက်တွေ‌ကိုဆွဲကာ အထဲ၀င်သွားပြန်သည့်Jenoမျက်နှာမှာလည်း အပြုံးတွေနှင့် ။

ဘာလို့သူ့ကိုဒီနေရာခေါ်လာတာလဲဆိုတာ အခုထိမသိ‌ရသေး ။

ခြံထဲတွင်တော့ မီးအိမ်တချို့ထွန်းထားပေမယ့် ညနေစောင်းပြီမို့ အနည်းငယ်မှောင်ချင်နေသည့်အိမ်လေးထဲတွင် ဘာမီးမှထွန်းမထား ။

𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 )  ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )Where stories live. Discover now