♡ ( 2 )

455 41 0
                                    

လူကအိပ်နေတာပေမယ့် နောက်ကနေတဂျွတ်ဂျွတ်နဲ့အသံကြားနေရတာကြောင့် အသာလေးထပြီးမီးသွားဖွင့်မိတော့ စောင်ကိုခေါင်းမြှီးခြုံပြီး ဘာလုပ်နေမှန်းမသိတဲ့ Jeno ။

“ ဟို.. Jenoဘာလုပ်နေတာလဲဟင် ”

အနားသွားပြီးသူမေးလိုက်တော့ ပြန်မဖြေပဲငြိမ်နေတယ် ။

“ Jeno..! ”

“ ဘာမှမဟုတ်ဘူး!! ”

သူအနားတိုးသွားမိတော့ ဆတ်ခနဲထရပ်တဲ့Jeno ။

*ဟင်!

Jenoဆီကနေကျလာတဲ့နေကြာစေ့အခွံတွေကိုတွေ့ပြီး သူရယ်ချင်သွားပေမယ့် မျက်မှောင်ကြီးကျုံ့ထားတာကြောင့်ရယ်လဲမရယ်ရဲ ။

“ ငါ့ဘာသာနေကြာစေ့စားနေတာကို... ”

“ အာ..ဆောရီး ဘာမှမဟုတ်ဘူးဆိုကျွန်တော်ပြန်အိပ်တော့မယ်နော် ။ ”

“ ဟို... ၀ယ်ထားလိုက်ဦး !”

“ ဘာကို... "

“ နေကြာစေ့လေ.. ငါမင်းဟာတွေပါစားပစ်လိုက်တာ..! ”

“ ဪ... ”

ပြောတော့မကြိုက်ဘူးဆိုပြီး ညသန်းခေါင်ကြီးထခိုးစားနေပါ့လား ။

_


“ ကိုယ့်ကိုကြည့် RenJun ”

“ ဟင့်အင်း မကြည့်ဘူး! ”

“ ကိုယ့်ကိုကြည့်ပါ RenJunnie ”

ကိုယ့်စကားကြောင့်မော့ကြည့်လာတဲ့ငိုထားတဲ့မျက်လုံးလေးတွေ .. ။

“ ဘာလို့အဝေးကြီးပြေးနေရသလဲအချစ်ရယ်....။ ကိုယ်ရှိနေတာပဲလေ..! ”

ထိုစကားကိုခေါင်းငုံ့ထားသူရဲ့နဖူးလေးကိုကပ်ပြီးတိုးတိုးလေး ပြောလိုက်မိခြင်း ။

“ ကိုယ့်ကိုအသုံးချပါ .. မင်းအဆင်ပြေတဲ့အထိ! ”

“ မင်းကိုမုန်းတယ်...! ”

တိုးတိုးလေးထွက်လာတဲ့စကားသံလေးကိုနှုတ်ခမ်းတွေနှင့်ချိတ်ပိတ်စေလိုက်ပြီး

*ပြွတ်

အငမ်းမရလိုက်နမ်းနေတဲ့ခေါင်းလေးကိုအသက်ရှူကြပ်နေမှာစိုးလို့ ခဏခွာထားလိုက်ရင်း

𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 )  ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )Where stories live. Discover now