( 10 )

400 59 9
                                    

သစ်ရွက်ခြောက်တွေပြန့်ကျဲနေတဲ့လမ်း‌လေး ရဲ့ဘေးတဖက်မှာရှိတဲ့ခုံတန်းလေးမှာထိုင်ရင်း
သူ့ကိုဆိုတမင်ရှောင်နေတဲ့ကောင်လေးတယောက်ကိုစောင့်နေမိပြန်ပြီ
ကျောင်းပြန်ဖွင့်တဲ့ရက်ထဲကRenjunသူ့ကိုရှောင်နေတာအခုထိ
အကြောင်းပြချက်ကိုမေးဖို့မင်းကိုသွားရှာတိုင်းလဲ အမြဲတမ်းကိုယ့်ကိုပုန်းနေတာမလား
ကိုယ်နဲ့ရင်းနှီးဖို့ဘယ်လိုအရာတွေကမင်းကိုဟန့်တားနေတာလဲ သိချင်လွန်းလို့ရူးမတတ်ပဲ
အကြောင်းပြချက်မရှိပဲရှောင်နေတော့လူကမချင့်မရဲဖြစ်လာသည်

Renjunလာမယ့်လမ်းကိုမျှော်ကြည့်နေတုန်းတရွေ့ရွေ့နဲ့လျှောက်လာတဲ့ပုံရိပ်လေးတစ်ခု

" Jun "

" ဟင် Jaemin ဒီမှာဘာလုပ်နေတာလဲဟင် "

" ထွက်ပြေးနေတဲ့အရိပ်လေးတစ်ခုကို လာစောင့်ဖမ်းနေတာ "

သူ့စကားကြောင့်Junကသူ့ကိုအားနာဟန်ဖြင့်ပြုံးပြသည်

" ပြောပါဦး ကျွန်တော့်ကိုရှောင်နေရတဲ့အကြောင်းအရင်း "

" ကျွန်တော်.."

" Jenoကြောင့်လား "

Jenoနာမည်ပါလာတော့ဆတ်ခနဲမော့ကြည့်လာတဲ့မျက်နှာလေး

မင်းတို့ကြားမှာကိုယ်မသိရတဲ့အကြောင်းအရာတစ်ခုရှိနေတာပဲ။

" ဒီနေ့တော့ပြောပြပါJun ကျွန်တော်ဘာအမှားလုပ်မိလို့ကျွန်‌တော့်ကိုရှောင်နေရတာလဲ အခုတောင်ဒီမှာလာမစောင့်နေရင်ဒီနေ့လဲJunကိုတွေ့ရမှာမဟုတ်ဘူး "

" ..... "

" ကျွန်တော့်ကိုပြောပြပါJun အကြောင်းပြချက်ကတကယ်ပဲJenoလား "

" ကျွန်တော်သွားတော့မယ်Jaemin "

" ခဏလေး ခဏလေးပါJun ကျောင်းတွေပိတ်တော့မှာဆိုတော့ကျွန်တော်တို့ကတွေ့ရမှာမဟုတ်တော့ဘူး Junကိုတွေ့ချင်တဲ့အခါကျရင်ကျွန်တော်အိမ်ကိုလာခဲ့လို့ရမလား "

" ကျောင်းပိတ်ရက်တွေကျွန်တော်အိမ်မှာမရှိလောက်ဘူးJaeminရဲ့ Jilinကိုရောက်နေမှာ "

" Jilin? "

" ဟုတ်ကဲ့ ပါပါးရှိတဲ့နေရာလေ "

" ပါပါး? Junနဲ့Jenoကညီအစ်ကိုဆိုရင် အန်ကယ်လ်yongကဒယ်ဒီမဟုတ်ဘူးလား "

𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 )  ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )Where stories live. Discover now