( 5 )

415 60 15
                                    

" Jun "

" Jun ကိုယ့်က်ိုစောင့်ပါဦး  "

နောက်ကသူ့နာမည်ခေါ်နေသံကြားလို့လှည့်ကြည့်လိုက်တော့သူ့ဆီ‌ပြေးလာနေတဲ့ Jaemin။

" အာ Jaemin "

" နေ့လည်စာသွားစားတော့မလို့လားJun ကျွန်တော်နဲ့အတူသွားရအောင် "

" ဟို ကျွန်တော်ကJenoနဲ့သွားစားရမှာ Jaeminအတူလိုက်လို့အဆင်ပြေပါ့မလား "

" ဘာဖြစ်လို့လဲJunရဲ့ ထမင်းအတူစားတာပဲဟာ ဒါနဲ့ကျွန်တော်တစ်ခုလောက်မေးလို့ရမလား "

" ဘာမေးမလို့လဲဟင် "

" Jenoနဲ့Junက... "

" နေ့လည်စာသွားမယူပဲဘာလုပ်နေတာလဲRenjun "

ရုတ်တရက်အနားရောက်လာတဲ့Jenoကသူ့ပုခုံးကိုဖက်ပြီးမေးနေသည်မို့

" အခုပဲသွားယူမလို့ပါ Jaeminကျွန်တော်တို့‌‌ နေ့လည်စာသွားယူရအောင် "

" နေပါဦး မင်းကငါတို့နဲ့အတူစားမလို့လား မင်းထိုင်ဖို့နေရာမရှိတာကို "

" ဒါဆိုလဲမင်းတယောက်ထဲစားပေါ့ Junကိုငါ့နေရာခေါ်သွားလိုက်မယ် Junကျွန်တော်နဲ့အတူလိုက်စားနော် သွားရအောင် "

" ဘယ်သူ့ခွင့်ပြုချက်နဲ့ခေါ်သွားမှာလဲ Huang Renjunကငါနဲ့ပဲစားရမှာ "

Jenoအသံကအနည်းငယ်ကျယ်သွားသည်မို့ပတ်၀န်းကျင်တစ်ခုလုံးရှိအသံများတိတ်ဆိတ်သွားပြီး လူတွေအကုန်လုံးကသူတို့သုံးယောက်ကိုစိတ်၀င်တစားစောင့်ကြည့်နေကြသည်။
အေးစက်တဲ့လေထုကကျောင်းကန်တင်းန်တစ်ခုလုံးကို တိုက်ခတ်လာသလို။
Renjunလက်ကိုတယောက်တဖက်ဆွဲထားကြရင်း တယောက်မျက်လုံးတယောက်စိုက်ကြည့်ပြီးအချင်းချင်းပဲနားလည်တဲ့စကားလုံးတွေနဲ့ အသံတိတ်နေကြသည်က အရှိန်ပြင်းတဲ့မျဉ်းပြိုင်နှစ်ခုရဲ့ဆုံမှတ်လိုမျိုး။

အသံတိတ်စစ်ပွဲတစ်ခုကိုဖြိုခွင်းလိုက်သူကRenjun။

" ဟို Jaemin ဒီနေ့တော့ကျွန်တော်Jenoနဲ့စားလိုက်ပါ့မယ် နောက်နေ့ကျမှ Jaeminနဲ့ "

" နောက်နေ့တွေလဲမင်းကငါနဲ့ပဲစားရမှာ Renjun မေ့သွားပြီလား မင်းကငါခိုင်းတာမှန်သမျှလုပ်ပေးရမယ်ဆိုတာ "

𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 )  ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )Where stories live. Discover now